ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ ကြား တိုက်ပွဲပြင်းထန်နေတာ ၁၁ ရက်ရှိလာပါပြီ။ တိုက်ပွဲကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေပြီး၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာနဲ့ နေအိမ်မီးရှို့တာတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ မင်းတပ်နဲ့ ဖလမ်းမြို့က တိုက်ပွဲအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကိုပြောပြမှာပါ။ ချင်းညီနောင်အဖွဲ့ရဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို မင်းတပ်နဲ့ ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့တာပါ။ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ကြားမှာ တိုက်ပွဲပြင်းထန်နေတာ ဒီကနေ့နဲ့ဆို ၁၁ ရက်မြောက် ရှိလာပါပြီ။ နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာ နေ့စဉ်ရှိနေတယ်လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမန်က ပြောပါတယ်။ “တိုက်ပွဲတွေကတော့ အခု ၁၁ ရက်တော့ရှိပြီ။ စစ်ကောင်စီကတော့ […]
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ရဲ့ လေးမိုင်အကွာက စပေါ်ကျေးရွာနဲ့ ပင်တီယာကျေးရွာကြားမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF မရာ ပူးပေါင်းတပ်နဲ့ မရာလဲန်း ကာကွယ်ရေးတပ်(MDF)၊ မဟာမိတ် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေအကြား ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲကြောင့် ပင်တီယာကျေးရွာက အရပ်သားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုနဲ့ အကျအဆုံးများခဲ့တယ်လို့ CDF-Mara တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပေမဲ့ အတိအကျတော့ မသိရှိရသေးပါဘူး။ “ပင်တီယာကျေးရွာက အရပ်သား အမျိုးသမီးတစ်ယောက် ပွဲချင်းပြီး သေဆုံးကာ ကလေး သုံးယောက်ထက် မနည်း […]