ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၇ ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် အစည်းအဝေးအား နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၌ လက်ခံကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးက ရည်မှန်းထားသည့် ဈေးကွက်များမှ CLMV နိုင်ငံများအထိ မီဒီယာနှင့် ပုဂ္ဂလိက ကဏ္ဍများအတွက် အဖွဲ့အစည်းဆိုင်ရာ ခရီးစဉ်များ၊ CLMV ခရီးသွားလုပ်ငန်း website သို့မဟုတ် သတင်းအချက်အလက် database ပူးတွဲထူထောင်ခြင်း၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်းအစီအစဉ်များ၊ ခရီးသွားလုပ်ငန်းပြပွဲနှင့် ပြခန်းများ လက်ခံကျင်းပခြင်း၊ ပါဝင်ခြင်း၊ လူမှုကွန်ရက်ပလက်ဖောင်းများမှတစ်ဆင့် ကုန်ကျစရိတ်သက်သာသော ပူးတွဲ ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေးနှင့် ဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုများ အသုံးချဆောင်ရွက်ခြင်း အပါအဝင် ပူးတွဲခရီးသွားလုပ်ငန်း […]
ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်ရှိ တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် သင်တန်းအစီအစဉ်က ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်တိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်း အသက်မွေးဝမ်းကျောင်းပြုသူများအား ကျွမ်းကျင်မှုနှင့် အသိပညာ အဆင့်မြင့်မွမ်းမံမှုများ ပံ့ပိုးပေးခဲ့သည်။ အစီအစဉ်များတွင် ဒစ်ဂျစ်တယ်နည်းပညာ စွမ်းရည် မြှင့်တင်ရေးသင်တန်း၊ ခရီးသွားအော်ပရေတာများနှင့် ဧည့်လမ်းညွှန်များနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုများအတွက် သင်တန်းများ ပါဝင်သည့် ဘာသာရပ်သင်တန်း ၇ မျိုး ပါဝင်ခဲ့သည်။ ယင်းအစီအစဉ်များအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) မှ ငွေကြေး ထောက်ပံ့ပေးခဲ့ပြီး မြန်မာခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၂ ရက်တွင် ပြီးဆုံးခဲ့သော ၁၀ ရက်ကြာ ခရီးသွားဝန်ဆောင်မှုနှင့် […]