ရန်ကုန်မှ မန္တလေးမြို့သို့ သွားမည့် အဝေးပြေးကားထဲတွင် ခရီးသည်တို့အတွက် ဝန်ဆောင်မှုများ၊ တားမြစ်ချက်များကို ယာဉ်လိုင်းဝန်ထမ်းက ဖတ်ပြနေသည်။ မှတ်ပုံတင်များ ကြိုတင်ထုတ်ထားရန်၊ စစ်ဆေးရေးဂိတ်များတွင် ဖုန်းမသုံးရန်၊ ဖုန်းမပြောရန်၊ ဓာတ်ပုံ၊ ဗီဒီယို မရိုက် ကူးရန် သတိပေးပြီးသည်နှင့် ကားသည် အောင်မင်္ဂလာဝင်းမှ စတင်ထွက်ခွာလာခဲ့သည်။ စစ်တပ် အာဏာမသိမ်းခင်က မိုင် ၃၀၀ ကျော်ရှည်လျားသည့် ဤခရီးလမ်းကို လစဉ် သွားလာဖူးသည့် ကျွန်တော့်အတွက် ဤလမ်း၏ အဓိက ပြောင်းလဲမှုမှာ လမ်းတလျှောက် စစ်ယူနီဖောင်းဝတ်များနှင့် ယာဉ်ထိန်းရဲများ ပါဝင်သော အဖွဲ့ ၁၀ ဖွဲ့ထက်မနည်းကို ကျော်ဖြတ်ရခြင်းပင်။ ကားထွက်ပြီး ဇီးရိုးမိုင် မရောက်ခင်တွင် ယာဉ်အကူ၏ သတိပေးသံကို ကြားလိုက်ရသည်။ “စစ်ဆေးရေးဂိတ် ဖြတ်ပါတော့မယ်။ ဖုန်းမသုံးပါနဲ့၊ ဖုန်းများ ချထားပါ၊ မှတ်ပုံတင်များ အဆင်သင့် […]