ylliX - Online Advertising Network

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပက်ထရစ် ဗီအဲရာအား ဂျီနိုအာအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်အာဆင်နယ်အသင်းနှင့် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ပက်ထရစ် ဗီအဲရာအား နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း အီတလီ စီးရီးအေကလပ် ဂျီနိုအာအသင်းက နိုဝင်ဘာ ၂၀ ရက်၌ အတည်ပြုကြေညာခဲ့သည်။ဂျီနိုအာအသင်းသည် ယခုနှစ်ဘောလုံးရာသီ စတင်ချိန်ကတည်းက ရုန်းကန်ခဲ့ရပြီး ယခင်နည်းပြ အယ်လ်ဘတ်တို ဂျီလာဒီနိုလက်အောက်တွင် ၁၂ ပွဲ ကစားပြီးချိန်၌ ၁၀ မှတ်သာ ရရှိထားကာ တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာသို့ ရောက်ရှိနေသောကြောင့် အသင်းအနေဖြင့် ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်း ကစားသမားဟောင်း ဂျီလာဒီနိုနှင့် လမ်းခွဲလိုက်ခြင်းဖြစ်သည်။…..— တရုတ်နိုင်ငံ၏ ဘောလုံး၊ ဘတ်စကက်ဘောနှင့် ဘော်လီဘော ပြိုင်ပွဲများ ပါဝင်သည့် လူငယ်အားကစားပြိုင်ပွဲ ဖွင့်လှစ်ကျင်းပဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော (‌တရုတ်ဘာသာစကားတွင် ‘big ball game’ […]

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်

-သမ္မတရှီက ၂၀၂၄ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူကျန့်ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့-ယူကရိန်းက အနောက်နိုင်ငံထုတ် ဒုံးကျည်များအား အသုံးပြုမည်ဆိုပါက နျူကလီးယား တုံ့ပြန်မှု ဖြစ်နိုင်ဟု ရုရှား သတိပေး-သမ္မတရှီက ဘရာဇီးသို့ နိုင်ငံတော်ခရီးစဉ်အနေဖြင့် ဘရာစီးလီးယားမြို့သို့ ရောက်ရှိ-ခရိုအေးရှားနိုင်ငံက သမ္မတရွေးကောက်ပွဲ ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပမည်– ဥရောပသမဂ္ဂနှင့် ကွဲလွဲမှုများအား ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းရေး တရုတ်နိုင်ငံက တောင်းဆိုဟု ရှီ ပြောကြား-တရုတ်နိုင်ငံက အာဂျင်တီးနားနိုင်ငံနှင့် ဘဏ္ဍာရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ရှီ ပြောကြား-တရုတ်နိုင်ငံ၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအဆင့် ဆက်လက်တိုးတက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြ-တရုတ်မော်တော်ကားအမှတ်တံဆိပ် Exeed က အီဂျစ်နိုင်ငံ၌ SUV မော်ဒယ် ၂ မျိုးအား မိတ်ဆက်-ရုရှားနိုင်ငံနှင့် ပဋိပက္ခတွင် NATO ၏ ပတ်သက်မှုက အလွန်အန္တရာယ်များကြောင်း […]

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ပြင်ဆင်မည့်နေရာများနှင့် အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ပြင်ဆင်မည့်နေရာများနှင့် အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေး Source link

ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်း အခမ်းအနားသို့ တက်ရောက်သည့်သတင်း

ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်း အခမ်းအနားသို့ တက်ရောက်သည့်သတင်း Source link

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ပြင်ဆင်မည့်နေရာများနှင့် အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေး

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ပြင်ဆင်မည့်နေရာများနှင့် အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၁၉)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် နေရာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင် ပြုပြင်မွမ်းမံဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အမှတ်(၁)ဂိတ် ဝင်/ထွက်ပေါက်တွင် အမျိုးသားအားကစားပွဲတော် ဆိုင်းဘုတ် Vinyl တပ်ဆင်ထားရှိမှုများ၊ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စတိတ်စင်နောက်ခံပြင်ဆင်နိုင်ရေးကိစ္စရပ်များ၊ ရေကူးကန်အတွင်း ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ပဉ္စမအကြိမ် […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်း အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၁၉)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် ၁၀ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပသည့် အမျိုးသားအားကစားပွဲတော်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေး၊ […]

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်ခြင်း ကြည့်ရှုအားပေး

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်ခြင်း ကြည့်ရှုအားပေး Source link

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်သည့် အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်သည့် အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၁၈ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပမည့် အားကစားပွဲတော်သည် အမျိုးသားအဆင့် ကျင်းပပြုလုပ်သည့်အခမ်းအနားဖြစ်၍  လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ တာဝန်ခံများအနေဖြင့် အထူးအလေးထားပြီး ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ လုံခြုံရေးအတွက် တာဝန်ရှိသူများက စစ်ဆေးခြင်းအား […]

၂၀၂၄ ခုနှစ် Miss Universe သရဖူကို ဒိန်းမတ်အလှမယ်ရရှိ –

မက္ကဆီကိုနိုင်ငံတွင် နိုဝင်ဘာ ၁၆ ရက်ညပိုင်းက ပြုလုပ်ခဲ့သည့် Miss Universe 2024 ပြိုင်ပွဲတွင် ဒိန်းမတ်အလှမယ် Victoria Kjær Theilvig ကအနိုင်ရရှိခဲ့ပြီး သူသည် Miss Universe သရဖူကိုဆောင်းနိုင်ခဲ့သည့် ပထမဆုံး ဒိန်းမတ် အလှမယ်ဖြစ်လာခဲ့သည်။ အသက် ၂၁ နှစ်အရွယ် Victoria Kjær Theilvig သည် အကပညာရှင်၊ စွန့်ဦးတီထွင်သူနှင့် ရှေ့နေတစ်ဦးဖြစ်ပြီး မက္ကဆီကိုစီးတီးမြို့တွင်ပြုလုပ်သည့် အလှမယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလှမယ်ပေါင်း ၁၂၀ ကျော်ကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ General view of the 73rd edition of the Miss Universe pageant in Mexico City on November […]

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲတွင် စပိန်နှင့် ပေါ်တူဂီ ကွာတားဖိုင်နယ် တက်ရောက်ရန် သေချာသွားပြီဖြစ် — နိုဝင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်နှင့် ဒိန်းမတ်အသင်းတို့၏ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စု- A4 ပွဲစဉ်တွင် စပိန်က ဒိန်းမတ်အား အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ခွင့် ရရှိသွားပြီဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် မာတင် ဇူဘီမန်ဒီနှင့် မစ်ကယ် မယ်ရီနိုတို့၏ စပိန်ကွင်းလယ်က ပွဲချိန်အများစု၌ ထိန်းချုပ်စိုးမိုးထားခဲ့သည်။ အုပ်စု A-1 ပွဲစဉ်တစ်ပွဲဖြစ်သည့် ပေါ်တူဂီနှင့် ပိုလန် အသင်းတို့၏ ပွဲစဉ်တွင် ပေါ်တူဂီက အိမ်ကွင်း၌ ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ပိုလန်တိုက်စစ်မှူး ရောဘတ် […]