ylliX - Online Advertising Network
Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်သည့် အခမ်းအနားကျင်းပ


Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်သည့် အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၈

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစမ်းလေ့ကျင့်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပမည့် အားကစားပွဲတော်သည် အမျိုးသားအဆင့် ကျင်းပပြုလုပ်သည့်အခမ်းအနားဖြစ်၍  လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ တာဝန်ခံများအနေဖြင့် အထူးအလေးထားပြီး ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ လုံခြုံရေးအတွက် တာဝန်ရှိသူများက စစ်ဆေးခြင်းအား ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ လုံခြုံရေးဆပ်ကော်မတီမှ ယူဆောင်ခွင့်ပြုသည့် ပစ္စည်းများကိုသာ ကိုယ်နှင့်အတူ ယူဆောင်လာကြရန်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များ သတ်မှတ်လမ်းကြောင်းမှ အချိန်မီ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းသို့ ရောက်ရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားရန်နှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးအား နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာနှင့် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီမှတာဝန်ရှိသူများက ဝန်ကြီးဌာနများမှ တက်ရောက်လာကြသည့်ကိုယ်စားလှယ်များအား ကွင်းအတွင်းသို့ဝင်ရောက်ရန် သတ်မှတ်ထားသည့် ဂိတ်များ၊ မော်တော်ယာဉ်ရပ်နားရမည့် နေရာများ၊ ဇုန်အလိုက် ထိုင်ခုံနေရာများနှင့် လိုအပ်သည်များကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *