မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့မှ ကိုးကန့်လက်နက်ကိုင် MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်အား တရုတ်အစိုးရက အကျယ်ချုပ်ထားဟု သတင်းထွက် – Myanmar Transparency News Source link
အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင် ၄ နှစ်တကြိမ် ကျင်းပတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ခုနှစ် ဒီမိုကရက်တစ် ပါတီက လက်ရှိဒုသမ္မတ ကမ်မလာဟဲရစ် နဲ့ ယခင်က သမ္မတ ၄ နှစ်တာဝန်ထမ်းဆောင်ဖူးသူ ရီပတ်ဗလစ်ကန် ပါတီက ဒေါ်နယ်ထရန့်တို့ ယှဥ်ပြိုင်နေကြပြီး ဒီရွေးကောက်ပွဲရလဒ်က မြန်မာနိုင်ငံရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်နေတာပါ။ စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေး အရေး နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေကြတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း […]
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ စစ်အာဏာ သိမ်းပြီး ၃ နှစ်ကျော် ၄ နှစ်နီးပါး ရောက်လာချိန်မှာ စစ်အာဏာသိမ်း ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ပြည်ကို သွားမယ့် ခရီးစဥ်က ထူးခြားတဲ့ ခရီးစဥ်တခုဖြစ်နေတယ် ဆိုတာ အငြင်းပွားဖွယ်မရှိတဲ့ အချက်လို့ဆိုနိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးကာစကတည်းက စစ်ကောင်စီ အနေနဲ့ တရုတ်ရဲ့ အပြည့်အဝ ထောက်ခံမှုကို လိုနေတာ ဖုံးကွယ်ထားတဲ့ ကိစ္စတခုတော့မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆံရေး၊ နယ်စပ်ကူးလူးဆက်ဆံမှု၊ စစ်လက်နက်ခဲယမ်း ဝယ်ယူမှု သို့မဟုတ် ထောက်ပံ့မှု စတဲ့အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ စိတ်မသက်မသာ […]
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၄ MNDAA တပ် ခေါင်းဆောင်ရဲ့ တရုတ်ပြည် တွေ့ဆုံမှု၊ စစ်ကောင်စီရဲ့ လားရှိုးပြန်ယူဖို့ ရည်မှန်းချက် ၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ရဲ့တပြိုင်နက်ထည်း ထိုးစစ်ဆင်တိုက်ခိုက်မှု တနှစ်တင်းတင်းပြည့်ချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက အုပ်ချုပ်ရေးအခြေစိုက်ရာမြို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မန္တလေးမြို့ပြီးနောက် အချက်အချာ အကျဆုံးမြို့၊ နယ်စပ်ကုန်သွယ်ရေး တင်မက၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ပြည်သူ့စစ် လို့အမည်ပေးထားတဲ့ ဒေသအလိုက် လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါ်ထင်ထင် တဖုံ၊ တိတ်တဆိတ် ဝင်ထွက်သွားလာတဲ့ မြို့ဖြစ်တဲ့ လားရှိုးမြို့ကို စစ်ကောင်စီအနေနဲ့ ပြန်လည်ရယူဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ တွေ့ရမှာဖြစ်ပါတယ်။ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို […]