ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတချို့၏ အနုတ်လက္ခဏာ သဘောထားများကြောင့် လုံခြုံရေးကောင်စီက ဂါဇာပဋိပက္ခ ဖိအားစမ်းသပ်မှုတွင် “ကျရှုံး” ခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက နိုဝင်ဘာ ၂၅ ရက်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ဖုချုံးက ယခုအကြိမ် ဂါဇာပဋိပက္ခသည် အရှေ့အလယ်ပိုင်းအရေးတွင် ကုလသမဂ္ဂ ရင်ဆိုင်နေရသည့် အကြီးဆုံး ဖိအားစမ်းသပ်မှုဖြစ်ကြောင်း၊ ဤစမ်းသပ်မှုမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို စမ်းသပ်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တချို့နိုင်ငံများက မိမိ၏တာဝန်ကို တည့်မတ်စွာ ရှုမြင်ရန်၊ လုံခြုံရေးကောင်စီက ကိရိယာသေတ္တာထဲရှိ ရွေးချယ်နိုင်စရာ အားလုံးကို အသုံးပြု၍ ချက်ချင်းအပစ်ရပ်ရေး၊ ပြန်လည်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်အတွက် တစ်ဆင့်တိုး လှုပ်ရှားရေးကို ထောက်ခံရန် တိုက်တွန်းကြောင်း […]
ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေမှုကြောင့် ယနေ့လက်ဘနွန်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် ၂၀၀၆ ခုနှစ်တွင် လက်ဘနွန်နှင့် အစ္စရေးတို့ကြား ကြီးမားသော ပဋိပက္ခ ဖြစ်ပွားခဲ့သည့်ကာလထက် ပိုမိုခက်ခဲဆိုးရွားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက နိုဝင်ဘာ ၂ ရက် နောက်ဆုံးအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ယခင်နှစ် အောက်တိုဘာလ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားချိန်မှစ၍ အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများကြောင့် လက်ဘနွန်တွင် လူပေါင်း ၂,၈၆၇ ဦး သေဆုံးပြီး ၁၃,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် အရွယ်မရောက်သေးသူ ၁၈၀ ခန့်နှင့် အမျိုးသမီး ၆၀၀ ခန့် ပါဝင်ကြောင်း သိရသည်။လက်ဘနွန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် လတ်တလောရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာကြောင်း၊ အစ္စရေးစစ်တပ်က လက်ဘနွန်အရှေ့ပိုင်းရှိ […]
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း၊ အချို့သောနိုင်ငံများသည် ယေဘုယျသဘောတူညီမှုမရှိသည့်အခြေအနေနှင့် သိသိသာသာ သဘောထားကွဲလွဲမှုရှိသည့်အခြေအနေတွင် နိုင်ငံတကာဥပဒေပြုမှုကို အတင်းအကျပ်ဖော်ဆောင်ခြင်းက ပြိုကွဲမှုကိုသာဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က အောက်တိုဘာ ၁၈ ရက်တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမမြောက်ကော်မတီ “ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး” အကြောင်းအရာ ပါဝင်ဆွေးနွေးရာ၌ အလေးထားပြောကြားခဲ့သည်။ကိန်းစွမ်က နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို မြှင့်တင်ခြင်းသည် ကမ္ဘာကြီးငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ပြီးပြည့်စုံစေရေးအတွက် အခြေခံနှင့် အာမခံချက်ဖြစ်ကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” တွင် နိုင်ငံတကာဥပဒေ၏ အခြေခံမူဝါဒကို ချမှတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အခြေခံပြုမူလုပ်ဆောင်မှု သတ်မှတ်ချက်များကို ချမှတ်ခဲ့ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာစနစ်အခြေခံကို အုတ်မြစ်ချခဲ့ပါကြောင်း၊ […]