အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အောက်တိုဘာ ၂၃ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး နှစ်ဖက် အကျအဆုံး ရှိကြောင်း၊ စစ်တပ်နှင့်ပူးတွဲလှုပ်ရှားသည့် ကသည်းလက်နက်ကိုင် ၁ ဦးကို အရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။ နံနက် ၆ နာရီဝန်းကျင်တွင် အိန္ဒိယမှ ခွဲထွက်ရေးလှုပ်ရှားသည့် ကသည်းသူပုန်များက နန်မွန်းတားရွာရှိ PDF ဂိတ်ကို လာရောက်တိုက်ခိုက်သည်ဟု တမူးခရိုင် PDF အမှတ် (၄) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။ “နန်မွန်းတားဂိတ်ထဲကို ဆိုင်ကယ် ၅ စီး၊ ၁၀ ယောက်နဲ့ ဝင်လာပါတယ်။ ဆိုင်ကယ် ၃ စီး၊ ၆ ယောက်က တံတားမှာကျန်ခဲ့ပြီးတော့ ဆိုင်ကယ် ၂ စီး […]