၃၁.၁ဝ.၂ဝ၂၄Written by K Pyay Thein ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးငယ်ကို ဒီနေ့ ညနေပိုင်းအချိန်မှာပြန်တွေ့ပြီဖြစ်ပြီး ကလေးခိုးယူသွားသူဟာ ကလေးရူးရူးနေသူဖြစ်ကာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာ ကလေးငယ်ကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ခေါ်သွားတဲ့သူက ကလေးရူးရူးနေတဲ့ သူတစ်ယောက်လို့ သိရပါတယ်။ ပြန်တွေ့တာက ဒီနေ့ညနေ ၃ နာရီဝန်းကျင်က သင်္ဃန်းကျွန်း စံချိန်သစ်၊ မေတ္တာ (၂)လမ်း၊ (င/က)ရပ်ကွက်မှာ ပြန်တွေ့သွားတာဖြစ်ပါတယ်”လို့ ကလေးငယ်ရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက အသိပေးထားပါတယ်။ ယမန်နေ့ အောက်တိုဘာ ၃ဝ ရက်၊ နံနက်အစောပိုင်း ဝေလီဝေလင်းအချိန်မှာ ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ၉ ရက်သားသာရှိသေးတဲ့ မိန်းကလေး ကလေးငယ်ကို လူနာစောင့်ဟန်ဆောင်ပြီး ကလေးမိခင်သန့်စင်ခန်းသွားနေတဲ့အချိန်မှာ ခိုးယူသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကလေးမိခင်က ကလေးမွေးပြီးလို့ သားကြောဖြတ်ပြီး ဆေးရုံတက်နေတဲ့အချိန်မှာ အခုလိုဖြစ်သွားတာပါ။ […]
လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမတွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေပြော ၃ဝ.၁ဝ.၂ဝ၂၄Written by K Pyay Thein ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးကို ညောင်ခါးရှည်မှာပြန်တွေ့တယ်ဆိုပြီး လိမ်လည်ပြောဆိုကာ ကလေးမိဘတွေထံကနေ ငွေလိမ်တောင်းခံလို့ ကျပ်သုံးသောင်းပါသွားခဲ့တယ်လို့ ကလေးငယ်ရဲ့မိဘတွေထံကနေ သိရပြီး လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမတွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ “အခုရေးနေကြတာ ကလေးကိုပြန်တွေ့တယ်ဆိုတာမဟုတ်ပါဘူး။ သူတို့ရေးနေတာတွေက မဟုတ်ပါဘူး။ကလေးကိုရှာတုန်းပါ။ အစတုန်းက သူတို့က ကလေးကို ညောင်ခါးရှည်မှာတွေ့တယ်ဆိုပြီး ဖုန်းဆက်လာလို့ အဲ့ဒီကိုလိုက်မလို့မေးကြည့်တုန်း တစ်ဖက်ကလူတွေက သူတို့ကို ငွေတစ်သိန်းအရင်လွှဲပေးပါဆိုလို့ ကျွန်တော်တို့လည်းထူပူပြီး ငွေသုံးသောင်းပဲ သူ့ဆီအရင်လွှဲလိုက်ပါတယ်။ ဖုန်းဆက်ပြီးငွေလိမ်တာပါ။ ကလေးကိုတွေ့လို့မဟုတ်ပါဘူး။ အဲ့ဒီ လွှဲလိုက်တဲ့သုံးသောင်းကတော့ သူတို့ဆီပါသွားပါတယ်။ အခုကျွန်တော်တို့ သတင်းရလို့ အောင်မင်္ဂလာက […]