ylliX - Online Advertising Network

MNDAA အကြမ်းဖက်သောင်းကျန်းသူများက နမ့်လန်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်၊ နိုဝင်ဘာ ၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများကို MNDAA အကြမ်းဖက်သောင်းကျန်းသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများအတွင်းသို့ ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်နှင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များအား နမ့်လန်မြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့်တာဝန်ရှိသူများက လိုအပ်သည်များသွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာနေထိုင်လျက်ရှိသည့် […]

စစ်မှုထမ်းအကောင်အထည်ကို မြို့ပေါ်ထက် ကျေးရွာများကို အဓိက ပစ်မှတ်ထားလုပ်ဆောင်နေ

RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီတပ်၏ တပ်သားသစ်လိုအပ်ချက်အရ စစ်မှုထမ်းအကောင် အထည်ဖော်ရာတွင် မြို့ပေါ်ထက် ကျေးရွာများကို ပစ်မှတ်ထားလုပ်ဆောင်မှုနှင့်အတူ လူသစ်စုဆောင်းမှုကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေသည်လည်း သတင်းပေါက်ကြားမှုနည်းအောင် လုပ်ဆောင်နေကြောင်း သိရသည်။   စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဉ် ၁ တွင် သင်တန်းသား ၅ထောင်ဝန်းကျင်ကို အောင်မြင်စွားခေါ်ယူနိုင်ခဲ့သော်လည်း အပတ်စဉ် ၂ အတွက် လူသစ်စုဆောင်းရာတွင် ခက်ခဲခဲ့ပြီး သတ်မှတ်အရေအတွက်ရရှိရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ အပတ်စဉ် ၃ မှစ၍ လူသစ်စုဆောင်းမှုကို တစ်လကျော်ကြာ အချိန်ယူကာ နီးစပ်ရာ တပ်ရင်းစခန်းများတွင် ပို့ဆောင်ခဲ့ပြီး သင်တန်းဖွင့်သည့်အခါမှ ပို့ဆောင်ခြင်းကို လုပ်ဆောင်ခဲ့သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS)၏ အောက်တိုဘာ ၁၉ နေ့က ထုတ်ပြန်သည့် “စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။ စစ်ကောင်စီက […]