ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်က ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကို ရင်ဆိုင်ရန် အင်အားရာချီ ဖြည့်တင်းကာ စစ်ပြင်နေကြောင်း မြေပြင်စစ်ဘက်သတင်းရင်းမြစ်များကပြောသည်။ အင်အား ၇၀၀ ကျော်သည့် စစ်ကောင်စီတပ်သားများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပြည်သူ့စစ်များသည် လွန်ခဲ့သည့် သုံးလဝန်းကျင်မှစတင်ကာ ၎င်းတို့ ထိန်းချုပ်ထားသည့် ပင်လောင်းမြို့မှ ဖယ်ခုံမြို့သို့ ဦးတည်၍ ချီတက်လာနေသည်ဟု သိရသည်။ ဖယ်ခုံမြို့တွင် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်းနှစ်ရင်းရှိသည်။ ဖယ်ခုံတောင်ဘက်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဦးဆောင် ပြုလုပ်ခဲ့သည့် ၁ လေးလုံးစစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထားသည့် မိုးဗြဲမြို့ရှိသည်။ သို့သော်လည်း မြို့မြောက်ဘက် မိုးဗြဲဆည်အနီးရှိ ခမရ (၄၂၂) တပ်စခန်းကိုမူ […]