ylliX - Online Advertising Network

ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခြင်း | HapEye.net

ဒီမေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိဖူးလား။ ဘာလို့ င့ါဘဝကြီးက အဓိပ္ပါယ်မရှိဘူးလို့ ခံစားနေရတာလဲ။ မေးဖူးတယ်ဆိုရင် ဒီဆောင်းပါးကသင့်အတွက်ပါ။ ဒီနေ့ခေတ်ဟာ အရင်ခေတ်တွေတုန်းကနဲ့မတူပဲ တိုးတက်မှုတွေ မြန်ဆန်လာပါတယ်။ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ တစ်ကမ္ဘာလုံးက သူတွေနဲ့ ချိတ်ဆက်လို့ရမယ့် Facebookလိုမျိုး Social Mediaတွေ ပေါ်လာတယ်။ အင်တာနက် ဖွင့်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေသမျှ သတင်းတွေကို စက္ကန့်ပိုင်းအတွင်း ကြည့်လို့ရလာတယ်။ နည်းပညာတိုးတက်မှုရဲ့ ကောင်းတဲ့အချက်ကတော့ ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ အချိန်ကုန်သက်သာပြီး ဘာမဆို မြန်မြန်ရလာတာပါပဲ။ ဒါပေမယ့် အဲ့ဒီရဲ့ အခြားတစ်ဖက်မှာ ကျွန်တော်တို့အတွက် ဆိုးကျိုးတွေက တွဲပြီးပါလာပါတယ်။ အချိန်နဲ့အမျှ သတင်းတွေ ကြည့်လို့ရနေတယ်။ စက္ကန့်မလပ် လူတိုင်းနဲ့ ဆက်သွယ်လို့ ရလာတယ်။ ဒီအခါ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ပြင်ပက အကြောင်းအရာတွေနဲ့ ပြည့်နှက်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတာအလွန်နည်းပါးလာပါတယ်။ […]