၉. ၁၁. ၂၀၂၄Written by Nyein Kyaw ဒေါ်လာဈေး တည်ငြိမ်နေမှု၊ ကားဈေးနှုန်းပြန်ကျနေချိန် မြန်မာငွေကြေးအချို့ ဖျက်သိမ်းမည်နှင့် ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည်ဆိုသည့် ကောလာဟလများ ထပ်မံထုတ်လွှင့်လာ၍ အဆိုပါသတင်းမှာ မမှန်ကန်ကြောင်းနှင့် ပြည်သူများ မယုံ ကြည်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့တွင် အသိပေးဖြေကြားထားသည်။ ဗဟိုဘဏ်၏ ဖြေကြားချက်မှာ “နိုင်ငံတော်တွင် ငွေရေးကြေးညရေးကဏ္ဍ တည်ငြိမ်နေမှုအား မလိုလားသူများက တည် ငြိမ်မှုပျက်ပြား၍ နိုင်ငံ့စီးပွားရေး ကမောက်ကမဖြစ်စေရန် ရည်ရွယ်၍ လှုံ့ဆော်နေမှုအား ပြည်သူများ နားမယောင်၊ မယုံကြည်ကြပါရန်” မီဒီယာများသို့ ဖြေကြားထားသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာနှင့် ဂရုများတွင် မြန်မာငွေကြေးအချို့ ဖျက်သိမ်းနိုင်ပြီး အသစ်များ အစားထိုးနိုင်ကြောင်း၊ ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည်ဖြစ်ကြောင်းကို ဗဟိုဘဏ်မှ သိရှိရကြောင်း စသည့် […]
ကျပ် ၄ ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ခန့် သယ်ယူရောင်းဝယ်သူများ ဖမ်းမိ – Myanmar Transparency News Source link
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ရေဘေးပြန်လည်ထူထောင်ရေးအနေနဲ့ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ ၃ ရွာက အိမ် ၅ လုံးကို အိမ်တစ်လုံး ကျပ် ၃၅ သိန်းနှုန်းနဲ့ လှူဒါန်းခဲ့ပါတယ်။ “သဘာဝဘေးဒဏ် ခံစားရတဲ့ ဒေသတွေ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် ပိုသူလှု လိုသူကူ မိသားစုတွေ နဲ့လည်း လှုဒါန်းခဲ့ကြပါတယ်။ ရေကြီးလို့ လူတွေ ရုတ်တရက် အသက်ကိုပင်လုပြီး ပြေးကြရတာကိုကြည့်ပြီးလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအဖြစ်အပျက်နဲ့ ရင်ဆိုင်ကြသူတွေ အိမ်လုံးကျွတ် ရေနဲ့ပါသွားတာ ဘာတစ်ခုမှမကျန်အောင် ဆုံးရှုံးရကြတာမို့လေ။ ကျွန်တော်တို့ လောကသားတွေအပြင် စေတနာရှင်တွေရဲ့ ပါဝင်လှူဒါန်းမှုကြောင့် လှူဒါန်းမှုတွေနဲ့ အစားအသောက်တွေ ဆေးဝါးစတာတွေကို လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ခုကတော့ လူနေအိမ်တစ်လုံးကို ကျပ် ၃၅ သိန်းနှုန်းနဲ့ အိမ် ၅ လုံးစာ ဆောက်လှူဖြစ်တာပါ”လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက […]