တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို ယနေ့ (နိုဝင်ဘာ ၁) နံနက်တွင် စစ်လေယာဉ်က သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသည်ဟု မြို့ခံများက ပြောကြသည်။ TNLA ကလည်း ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ထားပြီး အရုဏ်တက်ချိန်တွင် စစ်လေယာဉ် ၂ စီးက ၂ ကြိမ်ခွဲ၍ မြို့ပေါ်ကို ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်၊ ၅ နေရာထက် မနည်းတွင် ဗုံး ၈ လုံး ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မပေါက်ကွဲသေးသည့်ဗုံးတစ်လုံးလည်း ရှိသည်ဟု ဆိုသည်။ မြို့အဝင် အေးရှားဝေါလ်တိုးဂိတ်အနီးရှိ မူးယစ်ရုံး၊ ကိုဗစ်စင်တာတစ်ခု၊ မီးသတ်ရုံး၊ အမှတ် (၂) ရပ်ကွက်ရှိ အကောက်ခွန်ဌာနရုံး၊ EPC ရုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများနှင့် […]