ylliX - Online Advertising Network

ဒေါက်တာဇော်မြင့်မောင်၏စျာပန ကူညီသည့် ပရဟိတအသင်းသားများ ဖမ်းဆီးခံရ  – Myanmar Now

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို သယ်ဆောင်ပေးခဲ့သည့် မန္တလေးမြို့ရှိ ပရဟိတ အသင်းအဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် စနေနေ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။  အောက်တိုဘာ၂၆ ရက်ညက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ “ပရဟိတမင်းခေါင် ရှာဖွေကယ် ဆယ်ရေးအသင်း” ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် ရောက်လာကြပြီး အသင်း ဥက္ကဋ္ဌဦးခင်မောင်တင့် အပါအဝင် ၈ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မန္တလေးမြို့ပရဟိတအသင်း တစ်ခုမှ တာဝန်ရှိသူက ပြောသည်။ “ ကျွန်တော်တို့ကြားတာတော့ ဒေါက်တာဇော့်နာရေးနဲ့ ဆက်စပ်မယ်ထင်တယ်ဗျ။ အခြေအနေက မသိရသေးဘူး။ အဆက်အသွယ်မရကြဘူး”ဟု လုံခြုံရေးအရအမည်မဖော်လိုသူသော ထိုတာဝန်ရှိသူက ဆိုသည်။ အာဏာသိမ်းမှုဖြစ်ပြီးနောက် ဖမ်းဆီးထောင်ချခံခဲ့ရသည့်  အသက် ၇၃ နှစ်အရွယ် ဒေါက်တာ ဇော်မြင့်မောင် သည် သွေးကင်ဆာရောဂါခံစားနေရပြီး ရောဂါပြင်းထန်ရာမှ မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ […]

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ကူညီသည့် QIP စီမံကိန်းငါးခု လက်မှတ်ရေးထိုး၊ ယခုနှစ်အတွင်း ဒေါ်လာ ၅၀၀,၀၀၀ ဖိုးအထိ ကူညီမည်ဟု အိန္ဒိယအစိုးရ ကတိပြု

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ကူညီသည့် QIP စီမံကိန်းငါးခု လက်မှတ်ရေးထိုး၊ ယခုနှစ်အတွင်း ဒေါ်လာ ၅၀၀,၀၀၀ ဖိုးအထိ ကူညီမည်ဟု အိန္ဒိယအစိုးရ ကတိပြု – Myanmar Transparency News Source link