ylliX - Online Advertising Network

တနင်္သာရီတွင် ကျောင်းသားများပါသည့်စက်လှေမှောက်၊ ၁၁ ဦး သေပြီး ၆၀ ကျော် ပျောက်နေ – Myanmar Now

မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသည် ၈၀ ကျော် တင်ဆောင်လာသည့် စက်လှေတစ်စင်း တိမ်းမှောက်ကာ သုံးလသား ကလေးအပါအဝင် ၁၁ ဦး သေဆုံးပြီး လူ ၆၀ ကျော်ပျောက်ဆုံးနေသည်ဟု ဒေသခံများနှင့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များထံက သိရသည်။  ယမန်နေ့ (အောက်တိုဘာ ၂၀) ည ၉ နာရီခန့်က ကျောက္ကာရွာမှ မြိတ်မြို့သို့သွားသည့် ခရီးသည်တင် စက်လှေသည် ထိုရွာအနီး ပင်လယ်ပြင်တွင် တိမ်းမှောက်သွားပြီး ယနေ့ ( အောက်တိုဘာ ၂၁) နံနက်အထိ ရုပ်အလောင်း ၁၁ လောင်းရှာဖွေတွေ့ရှိထားသည်၊ ခရီးသည် ၆၀ ကျော် ပျောက်ဆုံးနေသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် ကျောက္ကာရွာဆရာတော် အရှင်သုန္ဒရက Myanmar Now ကို […]