(တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်မည်ဟုဆို) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် (၃၆) နှစ်မြောက် ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၊ မြောက်ပိုင်းဗဟိုဌာနချုပ်၊ စစ်ကြောင်း (၂) နှင့် စစ်ကြောင်း (၃) စသည့် နယ်မြေဒေသ အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ABSDF က ထုတ်ပြန်ထားသည်။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုက်ပွဲဝင်သွားမည်ဟု ကျောင်းသားတပ်မတော် ABSDF က ပြောသည်။ ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲ က “ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရောက်ဖို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ဘုံသဘောထားတွေချမှတ်ရင်း […]