မျက်နှာချည်းပဲ ကွက်ပြီး မဲနေတယ်လို့ ဆိုလိုက်တော့ စိတ်ထဲမယ် ဘယ်သူ့ ပြေးမြင်တုန်း။ ငယ်ငယ်က ကြည့်ဖူးတဲ့ ပေါင်ချိန်ပဲ မဟုတ်လား။ ဒီလိုပဲ သူငယ်ချင်းတွေမှာဆိုရင်လဲ မျက်နှာပိုမဲတဲ့သူကို မျက်နှာမဲ ပေါင်ချိန်လို့ စနောက်ခဲ့ဖူးကြမယ်ထင်ပါရဲ့။ အများအားဖြင့်တော့ မျက်နှာမဲတယ်ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ခုပါ။ Hyperpigmentation လို့ခေါ်တဲ့ အသားအရေရှိသင့်တာထက် ပိုမိုအရောင်ရင့်သွားခြင်းဟာ ခန္ဓာကိုယ် အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ Melanin တွေ ပိုမိုထုတ်လုပ်တာကြောင့် အသားအရောင် ပိုပြီး ညိုမောင်းလာတဲဖြစ်စဥ် ဆိုပါတော့။ တစ်ချို့လူတွေမှာတော့ မျက်နှာတစ်ဝိုက်မှာ ရှိသင့်တာထက်ပိုပြီး အသားအရောင် ရင့်နေတာမျိုးဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ပုံမှန်အသားအရောင်ဖြစ်ပေမယ့် မျက်နှာချည်းပဲကွက်မည်းနေတာကျ တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ့်ကို ယုံကြည်မှု ပျောက်ဆုံးချင်စရာ၊ အများအမြင်မှာ နောက်ပြောင်ကျည်စယ်ချင်စရာ အနေအထားမျိုးပါ။ လူ့ခန္ဓာကိုယ်မှာ မျက်နှာဟာ Melanin အများဆုံး […]