Google မှ တွေ့ရသော နခခ(၅) ၁၅.၁၀.၂၀၂၄Written By Zun AA က မောင်တောမြို့ကို အပြီးအပြတ်သိမ်းမည်ဟုကြွေးကြော်နေသော်လည်း လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် သေဆုံးဒဏ်ရာရသူများပြားကာ နောက်ပြန်ဆုတ်ထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ထံက သိရသည်။ AA က မောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ရင်း-နခခ(၅) ကို ဧတာလျာ၊ ကညင်တန်း၊ ၃ မိုင်၊ ညောင်ချောင်းနှင့် ပန်းတောပြင်ကျေးရွာတို့မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ ဒရုန်းဗုံး ၊ အမြောက်၊ ရှော့တိုက်ဒုံးနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း တပ်မတော် နခခ (၅) က AA ၏ ဒရုန်းများကို ပစ်ချဖျက်စီးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများပြုလုပ်ခဲ့သောကြောင့် ထိုးစစ်ဆင်ခဲ့သည့် AA အဖွဲ့များ သေဆုံးမှုများပြားသည့်အပြင် ဒဏ်ရာများလည်း […]