Image: OpenAI Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ ChatGPT ရဲ့ တိုးပွားလာတဲ့ရေပန်းစားမှုကို တားဆီးဖို့အတွက် ၎င်း၏ AI အခြေခံ သုံးစွဲသူဝန်ဆောင်မှုတွေကို အလျင်အမြန် မိတ်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် chatbot သည် စျေးကွက်ဝေစုနှင့် လူအများရဲ့စိတ်ဝင်စားမှုကို ဆက်လက်ရရှိနေခဲ့ပါတယ်။ အခုဆိုရင် ဝက်ဘ်ရှာဖွေရေးလုပ်ငန်းမှာ စျေးကွက်လက်ဝါးကြီးအုပ်ထားတဲ့ Google ကို စတင်စိန်ခေါ်လာပြီလို့ဆိုနိုင်ပါတယ်။ အခုဆိုရင် OpenAI ဟာ သူ့ရဲ့ ChatGPT Search ဆိုတဲ့ ရှာဖွေရေးဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်ပြီး AI chatbot ကို အသုံးပြုကာ အင်တာနက်ပေါ်ကနောက်ဆုံးရသတင်းအချက်အလက်တွေကို အလွယ်တကူ ရှာဖွေပေးနိုင်ပါတယ်။ OpenAI အဆိုအရ ChatGPT က အင်တာနက်ရှာဖွေမှုတွေအတွက် အတော်ပဲတိုးတက်လာပြီး ယခုအချိန်မှာ ‘အလွန်မြန်ဆန်ပြီး အချိန်နဲ့တပြေးညီ’ […]