(မိုးမခ) အောက်တိုဘာ ၂၈ ၊ ၂၀၂၄ 28/10/24 Diary in the darkness မနက်စောစောစီးစီး ဈေးကပြန်လာတဲ့ မိန်းမက အာလူးတစ်ပိဿာ တစ်သောင်းဈေး ခုန်တက်သွားလို့ ပူညံ ပူညံ။ ကုန်တိုက်တွေမှာလည်း ပစ္စည်းတချို့ ပြတ်နေတယ်။ ဆီတွေ ပြတ်တော့မယ်လို့ သတင်းတွေပြန့်နေတယ်။ စစ်တပ်က ကုန်ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် တက်နေတယ်။ တရုတ်နိုင်ငံကလည်း နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်လိုက်ပြီတဲ့။ ထိုင်းဘက်ကလည်း မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပျက်သလောက် ဖြစ်သွားပြီ။ မဲခေါင်မြစ်ကြောင်းကတော့ ကုန်သွယ်ရေး မပျက်သေးဘူးလို့ သိရတယ်။ MNDAA ကိုလဲ တရုတ်က မီးနဲ့ ရေ ဖြတ်လိုက်ပြီတဲ့။ လူတွေ ထိတ်လန့်နေကြတယ်။ အရာရာကို ထိတ်လန့် စိုးရိမ်နေကြတာ။ စစ်မှုထမ်း ဥပဒေ၊ ဧည့်စာရင်းဥပဒေ၊ […]