ylliX - Online Advertising Network

တိုက်ပွဲဖြစ်ပွားနေသည့် ပန်ဝါမြို့အနီးတစ်ဝိုက်တွင် ဒေသခံများ တိမ်ရှောင်မရဘဲ ပိတ်မိနေ – THE 74 MEDIA

ပန်ဝါမြို့နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းနှင့် ပစ်ခတ်သံများကြောင့် ဒေသခံပြည်သူများက အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်လိုသော်လည်း လမ်းများပိတ်နေကြောင်း သိရသည်။ ပြည်သူများက ယမန်နေ့ညနေပိုင်းမှစတင်ကာ တရုတ်နယ်စပ်ဂိတ်အနီး သွားရောက်ခိုလှုံနေကြရပြီး တရုတ်ရဲများက ကြိုးတန်းကာ လုံခြုံရေးတင်းကြပ်ထားပြီး တစ်ဖက်တွင်လည်း KIA ပူးပေါင်းတပ်က ချီဖွေ – ပန်ဝါလမ်းကို ပိတ်ထားသဖြင့် ပိတ်မိနေကြခြင်းဖြစ်ကြောင်း သိရသည်။ Post navigation Source link

အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်၏ ကာကင်းစခန်းကို KIA ဝင်ရောက်ရှင်းလင်း – THE 74 MEDIA

ကံပိုက်တည်နှင့် ဆဒုံးကြား စင်ကြိုင်ကျေးရွာအနီးရှိ နယ်ခြားစောင့်တပ် ၁၀၀၃ ၏ ကာကင်းစခန်းတစ်ခုကို KIA ပူးပေါင်းတပ်က ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ စင်ကြိုင် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA ပူးပေါင်းတပ်က ယမန်နေ့နံနက်မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ကာကင်းစခန်းဖြစ်သည့် ထမ်မိုးခမ်းစခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ Post navigation Source link

ပန်ဝါရှိ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA အပြီးသတ်သိမ်းပိုက် – THE 74 MEDIA

လုပိကျေးရွာရှိ နယ်ခြားစောင့်တပ်ရင်းဌာနချုပ် (၁၀၀၂) ကို KIA ပူးပေါင်းတပ်က ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦး၏ရုပ်အလောင်း၊ လက်နက်ခဲယမ်းအချို့နှင့် သုံ့ပန်း ၁၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းပြည်သူ့စစ်နယ်မြေ ကချင်အထူးဒေသ (၁) ရှိ ချီဖွေမြို့နှင့် ဆော့လော်မြို့တို့ကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ Post navigation Source link