ylliX - Online Advertising Network

အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဆင့်မှာ တရုတ်ထက် မြန်မာကသာ – Western News

အင်တာနက်လွတ်လပ်ခွင့်မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုသာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးစာရင်းတွင် ရှေ့တန်းရောက်ရှိလာပြီး Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ တရုတ်က အဆင့် ၉ နှင့် မြန်မာက အဆင့် ၈ ဖြစ်သည်။ မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုးဆုံးသို့ ယိုယွင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အင်တာနက် ဖြတ်တောက်မှုကို တစ်ဖြေးဖြေးတင်းကျပ်ကာ […]

မလေးရှားမှာ မြန်မာ လူငယ်တစ်ဦး ကျားဆွဲခံရ၍ သေဆုံး – Western News

မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ် ဂျာလီခရိုင်မြို့ဧရိယာထဲ စိုက်ပျိုးရေးခြံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလူငယ်တစ်ဦး အောက်တိုဘာလ ၁၆ ရက်ညက ကျားဆွဲခံရ၍ သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက အသက် ၂၈ နှစ်အရွယ် ဆလိုင်းဟုန်းရှိန်ဖေ ဖြစ်သည်။ ဆလိုင်းဟုန်းရှိန်ဖေ မိတ်ဆွေတစ်ဦးက ” မနေ့ညက ၈ နာရီကျော်လောက်မှာ တဲနဲ့ သိပ်မဝေးတဲ့ စမ်းချောင်းစပ်မှာ ထမင်းချက်ဖို့ ကြက်သား သွားခုတ်နေစဉ် ကျားဆွဲခံလိုက်ရတာပါ။ ဆလိုင်းဟုန်းရှိန်ဖေနဲ့ အတူနေတဲ့ နောက်တစ်ယောက်ရှိသေးတယ်။ သူက တဲထဲမှာ ကျန်ခဲ့တယ်။ ဆလိုင်းဟုန်းရှိန်ဖေက ကြက်သားသွားခုတ်နေတာ။ အသံမကြားလို့၊ ကြာလို့ဆိုပြီး တဲထဲမှာကျန်ခဲ့တဲ့ တစ်ယောက်က စမ်းချောင်းနား သွားရှာကြည့်မှ ကျားဆွဲခံရတယ်ဆိုတာ သိတာ” ဟု ပြောသည်။ ဘေးပတ်ဝန်းကျင်ရှိ အခြားစိုက်ပျိုးရေးခြံမှ အလုပ်သမားများဖြင့် […]

ဖုန်းလိုင်း၊ အင်တာနက် ပြတ်တောက်သွား၍ ရခိုင်မှာ ငွေလွှဲလုပ်ငန်း ရပ်တန့် – Western News

(နိုင်ငံခြားတွင် အလုပ်လုပ်နေသော မိသားစုဝင်များ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေရသည့် ရခိုင်ပြည်အတွင်းက မိသားစုဝင်များ စားဝတ်နေရေးကျပ်တည်းလာ) ရခိုင်တစ်ပြည်လုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေပြီး ငွေလွှဲလုပ်ငန်းများ ရပ်တန့်နေ၍ ဒေသခံပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုမိုရင်ဆိုင်နေရသည်ဟု စစ်တွေဒေသခံများက ပြောသည်။ စစ်တွေမြို့တွင် MPT ဖုန်းလိုင်းကလွဲ၍ ကျန် ဖုန်းဆက်သွယ်ရေးကွန်ရက်များမှာ ပြတ်တောက်နေပြီး အင်တာနက်လိုင်းက မည်သည့် ဖုန်းဆက်သွယ်ရေးမှ မရရှိဟု သိရသည်။ အင်တာနက်လိုင်းမရရှိ၍ ဘဏ် ကလွှဲပြီး အခြားသော ပြင်ပငွေလွှဲလုပ်ငန်း အထူးသဖြင့် KBZ PAY နှင့် WAVE MONEY ငွေလုပ်ငန်းမှာ ရပ်တန့်သွားပြီဟု အသက် ၄၀ အရွယ် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ” စစ်တွေမှာက MPT ဖုန်းလိုင်းကတော့ ရနေသေးတယ်။ Mytel […]

မြေပုံ ယောချောင်းတံတားနှင့် နေအိမ်အချို့ကို စစ်ကောင်စီက လေးကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲ – Western News

ရခိုင်ပြည်၊ မြေပုံမြို့နယ် တောင်စိုင်ကမ်းတိုက်နယ် အတွင်းရှိ ယောချောင်းတံတားနှင့် အရပ်သားနေထိုင်သည့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က လေကြောင်းက ၄ ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲမှုကြောင့် တံတားနှင့် နေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီ ၄၅မိနစ်အချိန်ခန့်တွင် တစ်ကြိမ်၊ ၆ နာရီ ၄၀ မိနစ်တွင် တစ်ကြိမ်၊ ညဉ့် ၁၁ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်၊ ညဉ့် ၁၁ နာရီ ၄၀ တွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိုင်တိုင် ပေါင်း ၅၀၀ ဗုံးဖြင့် လာရောက် ပစ်ချခဲ့သည်။ အသက် ၂၉ နှစ်အရွယ် ယောချောင်း ဒေသခံအမျိုးသားတစ်ဦးက “လေးကြိမ်တိုင်တိုင် ဗုံးကြဲချသွားတာပါ။ […]

ပလက်ဝက ၃ လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်ပေါက်သေး – Western News

(ကုန်သည်မိသားစုဝင် ၃ ဦးမှာ ကုန်ပစ္စည်းပို့ရင်း ဓါးမြတိုက် ခန္ဓာကိုယ် ပိုင်းဖြတ်သတ်ဖြတ်ခံရ) ပလက်ဝမြို့နယ် မောင်နှမကျေးရွာက ကုန်သည်မိသားစုဝင် ၃ ဦး သတ်ဖြတ်ခံရမှု ယနေ့အချိန်အထိ အမှုမှန် တစ်စုံတစ်ရာ မပေါ်ပေါက်သေးကြောင်း မိသားစုဝင်များက ပြောသည်။ သတ်ဖြတ်ခံရသူများမှာ အသက် (၆၁) နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဦးအိုက်မြင့်နှင့် အသက် (၁၃) နှစ်အရွယ် မောင်ပီစီထွန်းတို့ဖြစ်ပြီး ခူမီးလူမျိုးများဖြစ်ကြသည်။ မိသားစုဝင်တစ်ဦးက ” အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ULA/AA နှမဒါ အုပ်ချုပ်ရေးမှူးဆီမှာရော၊ ကျေးရွာမှာရှိတဲ့ ULA/AA အုပ်ချုပ်ရေးအဖွဲ့ရော တိုင်ကြားထားပါတယ်။ Data အချက်အလက်တွေ အကုန်လုံး ပို့ထားပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ တိုင်ကြားထားပါတယ်။ အခု တစ်လလောက်ရှိလာပြီပေါ့နော်။ အဲအမှုနဲ့ပတ်သက်ပြီးတော့ […]

စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလစုံစမ်းရေးမှူးပြော – Western News

မြန်မာနိုင်ငံအနှံ့ အရပ်သားများနှင့် တော်လှန်ရေးအဖွဲ့များအား နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသော အာဏာသိမ်း စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ပြောသည်။ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘရာမြို့၌ တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် စစ်ကောင်စီအား ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း […]