ylliX - Online Advertising Network

စစ်တပ်သစ္စာခံ ပအိုဝ်းပြည်သူ့စစ် အင်အားသောင်းနှင့်ချီကြီးထွားလာ – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့် ပအိုဝ်းလက်နက်ကိုင်တပ် PNO/PNA သည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထောင်နှင့်ချီသော တပ်သားသစ်များကို စုဝေးစေပြီး အာဏာသိမ်းပြီးနောက်  တိုးပွားလာသည့် ၎င်းတို့၏ စစ်အင်အားကို ထုတ်ပြခဲ့သည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် အင်အားပိုမိုကြီးထွားလာ သည့် လူမျိုးစုလက်နက်ကိုင်တပ်စာရင်းတွင် PNO/PNA ပါဝင်လာသော်လည်း ၎င်းတို့၏ အင်အားစုဆောင်းမှုက အခြားလူမျိုးစုလက်နက်ကိုင်တပ်များနှင့် ခြားနားသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်အများစုသည် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ရန် အင်အား စုဆောင်းကြခြင်း ဖြစ်သော်လည်း ပအိုဝ်းအမျိုးသားတပ် PNO/PNA ကမူ စစ်ကောင်စီကို ကာကွယ်ရန် လူသစ်စုနေခြင်းဖြစ်သည်။ ပအိုဝ်းအမျိုးသားတပ် PNO/PNA ခေါင်းဆောင်များသည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ကြသည်။  PNO/PNA ခေါင်းဆောင်များသည် ၎င်းတို့အတွက်စစ်မှုထမ်းပေးမည်ဆိုပါက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်ကောင်စီ ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် […]

City of Damnation (2009) – Channel Myanmar

City of Damnation (2009) **************************** Action + Comedy + Crime ပေါင်းစပ်ထားတဲ့ (3 in 1) ရသခံစားကြည့်ရအောင် ပရိသတ်ကြီးတို့…. ကြမ်းခန်းရမ်းခန်းအက်ရှင်ခန်းတွေ မှုခင်းဖြေရှင်းပုံတွေကို ကြည့်ရှုခံစားရမယ့်အပြင် ဟာသအနှောလေးပါတာကြောင့် ပရိသတ်ကြီးအနေနဲ့ စိတ်အမောပြေတဲ့မယ့် ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ City of Damnation ဇာတ်ကားလေးကို မိတ်ဆက်လိုက်ပါတယ်။ Jeong Jun-Ho၊ Jung Woong-In၊ Kim Sang-Joong ၊ Jeong Woon-Taek တို့လို ဝါရင့်သဘာရင့် သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာမို့ ဇာတ်ကားရသအပြည့်ရမှာတော့ အမှန်ပါပဲ။ ဇာတ်လမ်းအကျဥ်း- ချန်းချွန်းဒုံဟာ သာမန်ယာဉ်ထိန်းရဲအရာရှိဖြစ်သော်ငြားလည်း သူ့ရဲ့ဖြောင့်မတ်မှုတို့ အတိုက်အခိုက်စွမ်းရည်တို့ကြောင့် ရဲဌာနမှာ နာမည်ဂုဏ်သတင်းရှိတဲ့သူတစ်ယောက်ပါ။ ထိုအချိန်မှာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့က လူမိုက်ဂိုဏ်းအဖွဲ့ခေါင်းဆောင် ယန်ဂန်ဆော့ရဲ့ […]

The Wild Robot (2024) – Channel Myanmar

      DreamWorks Animation ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ တောရိုင်းစက်ရုပ်ဆိုတဲ့ ကာတွန်းရုပ်ရှင်ပါ။ Mulan, How to Train your dragon တို့လို အကောင်းဆုံး ကာတွန်းတွေကို ဖန်တီးခဲ့တဲ့ Chris Sanders ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ စက်ရုပ် ရော့ဇ် အဖြစ် Black Panther ထဲက Lupita Nyong’o ပါဝင်ထားပြီး၊ မြေခွေး ဖင့်အဖြစ် Pedro Pascal က ပါဝင်ထားပါတယ်။   ဇာတ်လမ်းအကျဉ်း လူသားတွေအတွက် အကူအညီပေးတဲ့ စက်ရုပ်အမျိုးအစားတစ်ခုဖြစ်တဲ့ ရော့ဇမ်အမျိုးအစား စက်ရုပ်တစ်ရုပ်ဟာ လူမရှိတဲ့ ကျွန်းတစ်ကျွန်းအပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်းကနေ မတော်တဆ […]

The Art of the Steal (2013) – Channel Myanmar

The Art of the Steal (2013) ((အမိုက်စားကားမို့ Blu-Ray 1080p 5.1 CH ပါပြုလုပ်ပေးထားပါတယ်…) ကျွန်တော်တို့ဟာ မကောင်းမှုကို အားပေးတာမျိုးမဟုတ်ပေမဲ့ အမိုက်စား ဘဏ်ဓားပြကားတွေ၊ သူခိုးကားတွေဆိုရင်တော့ အရမ်းသဘောကျတယ်…ဘာလို့ဆိုဒီလိုကားတွေဟာ အချက်အလက်တွေများစွာ အသုံးပြုရသလို ခေတ်မှီနည်းပညာတွေနဲ့ ပါဝင်ဖွဲ့စည်းထားပြီး ဇာတ်လမ်းအစမှအဆုံးထိ စိတ်လှုပ်ရှားရင်ခုန်မှုပေးနိုင်လွန်းလို့ဖြစ်တယ်… ဒီကားထဲမှာလည်း တကယ့်အချီကြီးတွေကိုမှ ခိုးကြလိမ်ကြတာ…ညီအကို(၂)ယောက်ဉီးဆောင်ပြီး အဖွဲ့လေးတစ်ဖွဲ့ရှိတယ်..အချီကြီးတွေမှ သမတာ…ကျွမ်းကျင်မှုကိုယ်စီရှိသလို အဆက်အသွယ်ကောင်းတွေလည်းရှိတယ်… အကိုဖြစ်သူဟာ ခိုးမှုကြောင့်ပဲ ထောင်(၁၀)နှစ်ကျသွားတယ်…အကျင့်တွေပြင်အောင်ထောင်ထဲထည့်လိုက်ပေမဲ့ ထောင်ကထွက်လာပြီးနောက် အချီကြီးပွပေါက်တစ်ခုထပ်တွေ့တဲ့အခါမှာတော့… သူတို့ ဘယ်လိုဆရာကျကျ ခိုးကြမလဲဆိုတာကိုတော့…… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်… File Size : 1.23 GB & 540 MBQuality : Blu-Ray 1080p 5.1 CH, […]

ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့်တပ်စခန်းကို KIA သိမ်း – Myanmar Now

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီး ပန်ဝါမြို့နယ်ခွဲအခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းကို တော်လှန်ရေးအင်အားစုက ယနေ့ (အောက်တိုဘာ ၁၅ ရက်) မွန်းလွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ ပန်ဝါမြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင်ရှိသည့်၊ ဒေသခံတို့က လုပီဟု ခေါ်ကြသည့်နယ်ခြားစောင့်စခန်း ဌာနချုပ်ကို  အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက  တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “လုပီဆိုတဲ့ စခန်းကို ခုနကပဲ တစ်နာရီဝန်းကျင်လောက်မှာပဲ ကျွန်တော်တို့သိမ်းပိုက်လို့ရပါပြီ”  ဟု  KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။ အဆိုပါ စခန်း၏ ကာကင်းစခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ  လက်နက်ခဲယမ်းနှင့် သုံ့ပန်း မည်မျှ […]

ဘုတလင်တွင် အထိနာသွားသည့်တပ်က အရပ်သား ၁၄ ဦးကို သတ်ဖြတ် – Myanmar Now

ယခုလအတွင်း စစ်ကိုင်းတိုင်း၊ ဘုတင်မြို့နယ်မြို့တွင် စစ်တပ်က စစ်ကြောင်းထိုးစဉ် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သတ်ဖြတ်ခံရသည်ဟု သိရသည်။  လဆန်းပိုင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဘုတလင်မြို့ပေါ် ရပ်ကွက်များ၊ မြို့အနီးရှိ ကျေးရွာများကို ဆက်တိုက်စီးနင်းစဉ် ထိုသို့ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။  စီးနင်းစဉ်အတွင်း ဘုတလင်မြို့ပေါ် တွင် ကလေးအပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခံရသလို မြို့နှင့်ကပ်လျက်ကျေးရွာများဖြစ်သော မြောက်ကြည်ရွာတွင် အရပ်သား ၇ ဦး၊ တက်လှိုင်းရွာတွင် အရပ်သား ၁ ဦး သတ်ဖြတ်ခံရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောသည်။ ထိုစစ်ကြောင်းမှ စစ်သားများက အောက်တိုဘာ ၁၂ […]

ဈေးနှုန်းတူဖုန်းများအကြား အမာကြောဆုံး ဖြစ်ပြီး ဆက်သွယ်ရေးကွန်ယက်မလိုဘဲ ဖုန်းခေါ်ဆိုနိုင်တဲ့ Flagship Technology နဲ့အတူ OPPO A3 ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက် | Myanmar Tech Press

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ် A Series စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲကမှ “အကြမ်းပတမ်းသုံး OPPO A3 ဖုန်း”ဆိုတဲ့ ဆောင်ပုဒ်နဲ့ OPPO A3 ကို မြန်မာနိုင်ငံဈေးကွက်ထဲသို့ စတင်မိတ်ဆက်လိုက်ပါတယ်။ အခု ထွက်ရှိလာတဲ့ OPPO A3 ဟာ ဘက်စုံသုံးနိုင်ရုံ သာမက နေ့စဉ်ခံနိုင်ရည်နဲ့ တာရှည်ခံမှုအတွက် ဒီဇိုင်းထုတ် ဖန်တီးထားပြီး Military-Grade Shock Resistance နဲ့ Multiple Liquid Resistance ပါရှိတဲ့အပြင် ပျက်စီးမှုဒဏ်ခံနိုင်တဲ့ ကိုယ်ထည်၊ ၊ 45W SUPERVOOC Flash Charge နဲ့ ကြာရှည်ခံနိုင်ပြီး ကြီးမားတဲ့ 5,100mAh ဘက်ထရီ တို့ ပါဝင်လာတာကြောင့် အသုံးပြုသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေကို ခံစားတွေ့ကြုံနိုင်မှာဖြစ်ပါတယ်။ OPPO A3 ကို အောက်တိုဘာ ၁၂ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၆၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချသွားမှာဖြစ်ပြီး ဝယ်ယူသူများအားလုံးဟာ လက်ဆောင်အနေနဲ့ ilike ဘေးတစ်စောင်းအိတ်တစ်လုံး ရရှိဦးမဲ့အပြင်    နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူသူများအနေနဲ့ 4-Year Battery Protection […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

 https://www.youtube.com/watch?v=FI_5fRKprlE #Daily_NewsPublished 15 October 2024 ၁။ သီတင်းကျွတ်လက်ဆောင် ကျောက်စီပန်းချီကားများအော်ဒါအမှာများနေ   ၂။ ‌ခြောက်လတာအတွင်း မြန်မာ့ဆန်နှင့်ဆန်ကွဲ တန်ချိန်ကိုးသိန်းကျော်တင်ပို့ထား   ၃။ သီတင်းကျွတ်ရောင်စုံမီးပုံးလေးများဖြင့် အလှဆင်ထားသည့် YBS 133 ယာဉ်စောင့်ဆိုင်းစီးသူများနေ   ၄။ မက္ကဆီကိုစီးတီးတွင် မိုးခေါင်ရေရှားမှုပြဿနာအလွန်ဆိုးရွားလျက်ရှိ… အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။   #YMG #Yangon_Times #Yangon_Media_Group Source link

Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ – iMyanmarHouse.com

[Unicode] သင်သည် အလုပ်တွင် အခက်အခဲ ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည် ဆိုကြပါစို့။ သင်သည် စားပွဲတွင် ၁၀ မိနစ်ခန့် ထိုင်တာ အဖြေရှာရန် နည်းလမ်းကို ခေါင်းမီးတောက်မတတ် တွေးတောသော်လည်း အဖြေရှာမရ။ ထိုအခါ သင်မည်သို့ လုပ်ဆောင်မည်နည်းဟူသော မေးခွန်းရှိသည်။ အကယ်၍ သင်သာ စတိဗ်ဂျော့ဆိုပါက အဖြေမှာ ရိုးရှင်းလွယ်ကူသည်။ စားပွဲမှထကာ လမ်းထွက်လျှောက်ခြင်း ဖြစ်၏။ “အလေးအနက်ဆွေးနွေးဖို့ ခပ်ဝေးဝေးလမ်းလျှောက်တာဟာ သူအကြိုက်ဆုံးနည်းလမ်းပါ” ဟု စတိဗ်ဂျော့၏ အတ္ထုပ္ပတ္တိကို ရေးသားခဲ့သော စာရေးဆရာ ဝေါလ်တာ အိုက်ဆက်ဇန်က ပြောသည်။ “ကျွန်တော်တို့ အတူရှိခဲ့တဲ့ အချိန်အများစုမှာ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်ခဲ့ကြပါတယ်” ဟု ဂန္ထဝင် ဒီဇိုင်နာ Jony Ives က ပြောသည်။ စတိဗ်ဂျော့နှင့် ပတ်သက်သည့် မည်သည့်စာအုပ်ကို […]

စီးပွားရေးအကျပ်အတည်းကြောင့် Forever ရုပ်သံကုမ္ပဏီဝန်ထမ်း ရာနှင့်ချီအနားပေးခံရ – Myanmar Now

ပုဂ္ဂလိကပိုင် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည့် Forever Group ကုမ္ပဏီက စီးပွားရေးလုပ်ငန်းအချို့ရပ်ဆိုင်းရန် ဆုံးဖြတ်ကာ ဝန်ထမ်းအများပြားကို   ဇွန်နှင့် ဇူလိုင် အတွင်း အသုတ်လိုက်ခွဲ၍ အနားပေးခဲ့ကြောင်း သိရသည်။  MRTV – 4, Channel 7 ရုပ်သံလိုင်းအပါဝင် ရေဒီယို၊ ရုပ်ရှင်နှင့် အခြားဖျော်ဖြေရေးလုပ်ငန်းပေါင်းများစွာ​ လည်ပတ်လုပ်ကိုင်နေသလို အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့်ဇာတ်ကားများကို အဓိကပံ့ပိုးနေသည့် Forever Group ကုမ္ပဏီက ကြိုတင်အသိမပေးဘဲ အနားပေးခြင်းဖြစ်သည်ဟု အနားပေးခံလိုက်ရသည့် အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။  ၂၀၂၃ တွင် ကုမ္ပဏီဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ယခုနှစ်လယ်ပိုင်းတွင် လုပ်သက် ၁၀ နှစ်အထက်ရှိ ဝန်ထမ်းများအပါဝင် စုစုပေါင်း ၆၀၀ မှ ၇၀၀ ခန့်အနားပေးခံရသည်ဟု ခန့်မှန်းကြောင်း ၎င်းက […]