ကမ္ဘောဒီးယားသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ မှ စတင်ပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဗီဇာလွတ် ခရီးသွားလာခွင့် ပေးအပ်လာသည်။ ယခုခြေလှမ်းက ဒေသတွင်း ဆက်သွယ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ ကမ္ဘောဒီးယား၏ ပေါကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အံ့မခန်း ရှုခင်းအခင်းအကျင်းများနှင့် သမိုင်းဝင်နေရာများကို စူးစမ်းလေ့လာနိုင်ရန် အတွက် လည်ပတ်မည့်သူများ ပိုမိုဖိတ်ခေါ်နိုင်စေမည်လည်း ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားသည် ခမာ အင်ပါယာနှင့် အန်ကောဝပ်ကျောင်းတော် တို့ဖြင့် ထင်ရှားသည်။ ((ကမ္ဘာလှည့်ခရီးသွားများကြား ကျော်ကြားလာနေ)) ၂၀၂၄ ခုနှစ် ပထမ ၈ လတာအတွင်း ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ […]
Properties worth millions of Naira have been destroyed during a fire outbreak at AP Plaza, in Wuse 2, Abuja. It was gathered that the incident which happened on Saturday, reportedly erupted around noon, sending thick smoke into the sky that drew onlookers from nearby streets. READ MORE: 40 Shops Destroyed, As Fire Razes Popular Market In […]
[Unicode] မေတ္တာဖြင့်ပေးကမ်းတဲ့ပစ္စည်း (အိမ်နှင့်ခြံ) ကို လက်ဝယ်ရရှိမထားရင် တရားဝင်မှု ရှိ/မရှိ ဆိုတဲ့မေးခွန်းအပါအဝင် ဗဟုသုတဖြစ်ဖွယ် အိမ်ခြံမြေ အမေးအဖြေသုံးခုကို ဒီတစ်ပတ်ပိတ်ရက်မှာ ဖြေကြားပေးထားပါတယ်။ မေးခွန်း (၁) – မြေနှင့် အဆောက်အဦကို နှစ်ရှည်ငှားရမ်းခြင်းအား တရားဝင်ခိုင်မာမှုရှိစေရန် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။ အိမ်ခြံမြေများအား နှစ်ရှည်ငှားရမ်းခြင်းပြုလိုပါက တရားဝင်မှုဖြစ်ရင် မှတ်ပုံတင်စာချုပ်စာတမ်းချုပ်ဆိုရန် လိုအပ်ပါသည်။ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ-၁၆(ဃ) အရ (၁)နှစ်ထက် ကျော်လွန်၍ ငှားရမ်းမှုများ၊ တစ်နှစ် ထက်ပို၍ ငှားရမ်းခြင်းများ၊ နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များအား မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်ကြောင်း ဖော်ပြထားပြီး ဖြစ်ပါသည်။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၁၇(ဂ)အရ (၁)နှစ်ထိသာ ငှားရမ်းခြင်းစာချုပ်များမှာ မှတ်ပုံတင်လိုက တင်နိုင်သောစာချုပ်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ထို့ပြင် နှစ်ရှည်အများဆုံး ငှားရမ်းကြသည့် စက်ရုံ၊ အလုပ်ရုံ၊ ကွန်ဒိုများတွင် […]
[Unicode] ပတ်တီးကိုင်ရာတွင် နည်းလမ်းအမှားတွေကိုအသုံးပြုနေတုန်းလားမိတ်ဆွေ လူကြီးမင်းတို့ ဆေးသုတ်လုပ်ငန်းများတွင် မပါမဖြစ်အသုံးပြုရမည့် အဆင့်ဖြစ်သည့် ပတ်တီးကိုင်ရာတွင် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်အချက်များကို ဖော်ပြပေးလိုက်ပါတယ်ရှင်…. ဆောင်ရန် အချက်များ – ပတ်တီးရိုက်သည့် နံရံများအား လေခိုခြင်းရှိ၊မရှိ အက်ကွဲကြောင်းရှိ၊မရှိ စစ်ဆေးခြင်း များပြုလုပ်၍ အက်ကွဲနံရံ များကို ပြုပြင်ပြီးမှ ပတ်တီးကို အသုံးပြုပေးရန်လိုအပ်ပါသည်။ – ရေငွေ့တိုင်းတာစက် Protimeterဖြင့် တိုင်းတာပြီး နံရံအစိုဓါတ် 15% အောက်ရှိမှသာ အသုံးပြုရမည်။ – အသုံးမပြုမီ မျက်နှာပြင်ရှိ သစ်ဆွေးစများ ၊ အမှိုက်များကို ဖယ်ရှား၍ သန့်ရှင်းရေးပြုလုပ်ရမည်။ – ပတ်တီးကို သမအောင် Mixerဖြင့် မွေ၍ အသုံးပြုပေးရမည်။ – ပတ်တီးမှုန့်နှင့် ရေရောစပ်မှုသည် ညွှန်ကြားချက်အချိုးအတိုင်းဖြစ်ရန် လိုအပ်ပါသည်။ ရှောင်ရန်၊သတိပြုရန် အချက်များ […]
[Unicode] မြေငှားဂရန် စာချုပ်တစ်စောင်မှာ ခွင့်ပြုကာလအထိသာ အကျုံးဝင်ပြီး သတ်မှတ်ကာလကုန်ဆုံးရန် (၃)လအလိုတွင် သက်တမ်းတိုး လျှောက်ထားမှုပြုရမည်ဖြစ်ကာ သက်တမ်းကုန်ပါကမြေပိုင်ရှင်အခွင့်အရေး ဆုံးရှုံးမည်ဖြစ်ပါသည်။ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ မြေငှားဂရန်မူရင်း အမည်ပေါက်သူကိုယ်တိုင်၊ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် မြေပိုင်ဆိုင်မှု လွှဲပြောင်းဆက်ခံသူ၊ တရားရုံးမှ ထုတ်ပေးသော မရွှေ့မပြောင်း နိုင်သောပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှားဂရန် မူရင်းပြသ၍ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ ထို့ပြင် မြေငှားဂရန်သက်တမ်းတိုးလျှောက်ထားရာ၌ သက်တမ်းတိုး လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့် စွက်ပြီး မြေငှားဂရန်မိတ္တူ ၊ မှတ်ပုံတင်စာချုပ်စာတမ်း မိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား မိတ္တူ၊ မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူ မရှိပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် မိတ္တူ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး) ဌာနသို့ တင်ပြလျှောက်ထားရပါမည်။ မြေငှားဂရန် […]
[Unicode] ဩရသသားသမီးဆိုသည်မှာ မိဘနှစ်ပါး သဘောတူလက်ထပ် ထိမ်းမြား၍ ဖြစ်ထွန်းလာသော သားကြီး၊ သမီးကြီးပင်ဖြစ်ပြီး တနည်းဆိုသော် အမွေအနှစ်ရရှိသော တရားဝင်သားရင်းသမီးရင်ပင်ဖြစ်ပါသည်။ ကတ်စုနှင့်မောင်ဆင်အမှု (၂ ရန်ကုန် ၆၉၃ (၇၈၇)ပီစီ) ၊ မအေးရင်နှင့်မမိမိ -၇ ရန်ကုန် ၅၆၉ အဆိုပါဩရသမှာ ၎င်းမှာသားဖြစ်ပါက ဖခင်ကွယ်လွန်ချိန် ၊ သမီးဖြစ်ပါက မိခင်ကွယ်လွန်သောအချိန်တွင် အရွယ်ရောက်ပြီးဖြစ်ပါက ဩရသအခွင့်အရေးကို တောင်းဆိုပိုင်ခွင့်ရှိသည်။ သို့ရာတွင် ဩရသမှာ မိဘများ၏ အလုပ်များအား ကူညီလုပ်ကိုင်သူဖြစ်ရန် လိုအပ်ကာ ရူးသွပ်သူမဖြစ်ရပါ။ ဆိုလိုသည်မှာ မိဘ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်သည့် အရည်အချင်းရှိသူ ဖြစ်ရမည်။ ဩရသသားသမီးမှာ အရွယ်မရောက်သေးမီ သေဆုံးပါက ဒုတိယသားသမီးအား ဩရသသားသမီးဟု သတ်မှတ်နိုင်သည်။ ဩရသအခွင့်အရေးနှင့် စပ်လျဉ်း၍ ၎င်းကိုယ်စား ၎င်း၏ အမွေဆက်ခံခွင့်ရှိသူမှ တောင်းဆိုနိုင်ခြင်း […]
[Unicode] အကယ်၍ သင်ကံကောင်းမည်ဆိုပါက တခါတရံတွင် စာတစ်စောင်ဖြင့် သင့်ဘဝကို ပြောင်းလဲပစ်နိုင်သည်။ ထိုစာတစ်စောင်မျှဖြင့် သင်အလွန်လိုချင်ဖူးသော အလုပ်အကိုင်မျိုး ရတတ်၏။ Humans of Bombay အမည်ရှိ Facebook စာမျက်နှာမှ မကြာသေးမီက တင်ခဲ့သော ပို့စ်တစ်ခုတွင် အသက် ၂၇ နှစ်အရွယ် ရှန်တနူး နိုင်ဒူ (Shantanu Naidu) ဟူသည့် အမျိုးသားက စက်မှုလုပ်ငန်းရှင် သူဌေးကြီး ရာတန် တာတာထံသို့ စာတစ်စောင်ပေးပို့ခဲ့ရာမှတဆင့် သူဌေး၏ လက်ထောက်အဖြစ် အလုပ်ရရှိသွားပုံကို ရေးသားဖော်ပြထားသည်။ ရှန်တနူးသည် ဘွဲ့ရပြီးနောက် ၂၀၁၄ ခုနှစ်တွင် Tata Group ၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူဌေးကြီး တာတာနှင့် ရှန်တနူးတို့နှစ်ဦးက အလွန်ရင်းနှီးသော မိတ်ဆွေများအဖြစ်သို့ ပို့ဆောင်ပေးခဲ့သည်မှာ ၎င်းတို့၏ တိရ စ္ဆာန်များအပေါ် […]
[Unicode] ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ စံအိမ်ကြီးကို ဒေါ်လာသန်း ၈၀ နီးပါးပေးကာ ဝယ်ယူလိုက်ခြင်းမှာ စံချိန်တင်ဈေးနှုန်း ဖြစ်နေသည်။ ဒေးဗစ်ဘက်ခမ်းဝယ်ယူလိုက်သော စံအိမ်ကြီး၏ အတွင်းပိုင်းမြင်ကွင်းများကို ဗြိတိန်အခြေစိုက် DailyMail သတင်းဌာနမှ Exclusive ရရှိကာ ဖော်ပြလာသည်။ ဒေါ်လာသန်း ၈၀ နီးပါးပေးရသော စံအိမ်ကြီးတွင် အားကစားလေ့ကျင့်ခန်းမ၊ အိမ်တွင်းရုပ်ရှင်ရုံနှင့် infinity pool တို့ ပါဝင်သည်။ ထွက်ပေါ်လာသော ဓာတ်ပုံသစ်များအရ open plan ဧည့်ခန်း၊ rooftop နားနေ နေရာ၊ အနှိပ်ခန်းပါသော spa ၊ ရေစပ်ရှိ deck နေရာ ၊ အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၁၃ ခန်း ပါဝင်သည်။ (ဒေးဗစ်ဘက်ခမ်းတို့စုံတွဲသည် ယခုစံအိမ်ကို ဒေါ်လာ […]
[Unicode] ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ ဘောလိဝုဒ်၏ Power Couple ဖြစ်သော ဒီပီကာ ပါဒူကိုနီနှင့် ရန်ဗီဆင်းတို့ စုံတွဲသည် ခမ်းနားလှသော နေအိမ်သစ်ဆီသို့ ပြောင်းရွှေ့နေထိုင်တော့မည့် အလားအလာ ရှိနေသည်။ မွမ်ဘိုင်းမြို့၊ ဘန်ဒရအရပ်တွင် တည်ရှိသည့် ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးမှာ ကမ္ဘာသိ ထင်ရှားသည်။ (ဆက်စပ်သတင်း) ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခန် နေထိုင်သော မာန်နတ်အမည်ရှိ စံအိမ်ကြီး https://www.imyanmarhouse.com/news/read/1006444 ဒီပီကာနှင့် ရန်ဗီဆင်းတို့စုံတွဲဝယ်ယူလိုက်သော အခန်းမှာ မာနတ် စံအိမ်ကြီး၏ အနီးတွင် တည်ရှိသည်။ ရန်ဗီဆင်းတို့ ဝယ်ယူလိုက်သော အခန်းမှာ ဆောက်လုပ်ဆဲ စီမံကိန်းတစ်ခုတွင်ဖြစ်ပြီး မကြာသေးမီက ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုအရ […]
[Unicode] အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တောင်ပေါ်မြို့လေးမှာ ဝန်းကျင်ရှိ အခြားသော tourist hotspot များထက် တမူကွဲထွက်နေသောကြောင့် လည်ပတ်ရန် ကျော်ကြားသည့်နေရာဖြစ်လာသည်။ အိုင်ဒဲဝိုင်း (Idyllwild) ဟုအမည်ရသောမြို့လေးဖြစ်ပြီး San Jacinto တောင်တန်းပေါ်တွင် တည်ရှိကာ လော့စ်အိန်ဂျလိမြို့မှ ၂ နာရီခရီးခန့် ဝေးကွာသည်။ လူဦးရေ ၄၀၀၀ ခန့်သာရှိသောမြို့လေးဖြစ်သည်။ အိုင်ဒဲဝိုင်းတွင် နှင်းလျှောစီး အပန်းဖြေစခန်းမရှိ၊ Starbuck ဆိုင်များမရှိ၊ မီးပွိုင့်များမရှိကြောင်း SFGates က ဖော်ပြသည်။ အသက် ၃၀ အရွယ်ရှိ ဒေသခံတစ်ဦးဖြစ်သူ Chris Perreault က SFGates သတင်းဌာနသို့ “ဒီအနေအထားကို ကျွန်တော်တို့ သဘောကျပါတယ်။ မြို့ငယ်လေးဖြစ်တာ ကျွန်တော်တို့ကြိုက်တယ်။ တမျိုးတဘာသာ ကွဲပြားတာကို ကြိုက်တယ်။ ကျွန်တော်တို့က မြို့ကြီးဖြစ်မှာကို မကြိုက်ပါဘူး” […]