ylliX - Online Advertising Network

AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ဆမီးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရ၍ သတိမေ့နေသဖြင့် ဆေးရုံတင်ထားရ၊ မုဒိမ်းကျင့်ခံ အမျိုးသမီးနံဘေး AA ဘက်တံဆိပ်ပါအင်္ကျီတွေ့ရှိ

၂၄.၁၁.၂၀၂၄Written by Zun AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်း အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရကာ သတိမေ့နေ၍ ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအမျိုးသမီးသည် နိုဝင်ဘာလ ၂၂ ရက် နံနက် ၇ နာရီခန့်က ဟင်းစားရှာရန် နေအိမ်မှ ထွက်ခွာပြီးနောက် ပြန်မရောက်ဘဲ ပျောက်ဆုံးနေသည့်အတွက် ဝိုင်းဝန်းရှာဖွေကြရာ နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တွေ့ရှိခဲ့သောနေရာမှာ ဆမီးမြို့အနီး စောချောင်းဝတွင် ဖြစ်ပြီး ၎င်းအား မြက်ပင်များဖြင့် ဖုံးထားကြောင်း၊ ယင်းအမျိုးသမီးအား မြက်ပင်များဖြင့် ဖုံးထားရာ အနီးတွင်လည်း AA လက်မောင်းဘက်တံဆိပ်ပါ ယူနီဖောင်း အင်္ကျီတစ်ထည် တွေ့ရှိထားကြောင်း သိရသည်။ “ငါတို့မြို့မှာ ဒီလို ရာဇဝင်သမိုင်းမရှိခဲ့ဘူး။ […]

အမှိုက်ကောက်သူတစ်ဦးကို သတင်းပေးစွပ်စွဲ၍ ကြိုပင့်ကောက် PDF သတ်ဖြတ်

အမှိုက်ကောက်သူတစ်ဦးကို သတင်းပေးစွပ်စွဲ၍ ယမန်နေ့က သတ်ဖြတ်လိုက်သည်ဟု ကြိုပင့်ကောက် PDF အဖွဲ့က ဝန်ခံချက်ကို ယနေ့ထုတ်ပြန်သည်။ ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၃ ရက် (စနေနေ့) နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ဒေါင်းလူးရွာအနီးတွင် အမှိုက်ကောက်သူ ကိုထွန်းမင်းစိုး ဆိုသူတစ်ဦးကို စစ်တပ်သတင်းပေးဆိုကာသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း NUG ဩဇာခံ Dragon Brothers (GBK-PDF) ကြို့ပင်ကောက်မြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝန်ခံထားသည်။ ကြို့ပင်ကောက်မြို့ ၊ နဂါးနီလမ်းတွင် နေထိုင်သူ ကိုထွန်းမင်းစိုးသည် ပျူစောထီး (ပြည်သူ့စစ်) သင်တန်း အပတ်စဉ်(၁) တွင် တက်ရောက်ပြီး ပြန်လာသူဖြစ်ကြောင်း အဆိုပါ ကိုထွန်းမင်းစိုးသည် လုံခြုံရေးတပ်ဖွဲ့နှင့်ပူးပေါင်းကာ ပြည်သူများ၏ ဆိုင်ကယ်များကိုဖမ်းစီးပြီး အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ရာတွင်လည်း အဓိက လုပ်ဆောင်နေသူ […]

ရန်ကုန်-ပုသိမ်လမ်းမကြီး စန္ဒယော်အပန်းဖြေစခန်းအတွင်း လုံခြုံရေးဝန်ထမ်းတစ်ဦး ရေနစ်သေဆုံးခဲ့ရမှု ဖြစ်ပွား

၂၄.၁၁.၂၀၂၄Written By Zun ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန် -ပုသိမ်လမ်းမကြီး စန္ဒယော်အပန်းဖြေစခန်းအတွင်း လူတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက သိရသည်။ သေဆုံးသူအမျိုးသားမှာ စန္ဒယော်အပန်းဖြေစခန်း၏ လုံခြုံရေးဝန်ထမ်း အသက် ၆၀ ကျော်အရွယ်အမျိုးသားဖြစ်ကြောင်း၊ ယင်းမှာ ယမန်နေ့ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီခွဲ ခန့်က ပျောက်ဆုံးသွားရာ ငါးမျှားကန်အတွင်း ရေနစ်‌‌သည်ဟု ယူဆရသဖြင့် ရေပြင်ရှာဖွေကူညီပေးရန် အကူအညီတောင်းခံသောကြောင့် လှိုင်သာယာလူနာတင်ယာဉ်ကွန်ရက် ညီနောင်များက ရေပြင်ရှာဖွေကူညီမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ရှာဖွေရာ ရေ အနက် ၁၃ ပေခန့်တွင် အဆိုပါ လုံခြုံရေးဝန်ထမ်း၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။ “လုံခြုံရေးယူနီဖောင်းနဲ့တွေ့တာ။ သူက အသက် ၆၀ […]

Hold On: Wait Times in Libby, Part 1

We often hear the question, “What’s the deal with eBooks? Why is my wait so long?”   Because I’m so passionate about this topic, it’s hard for me not to write the world’s longest article on the subject. Since I don’t want to overwhelm you, I hope to break this up into a series of […]

စိတ်ကြွဆေးပြားများ တရားမဝင်တင်သွင်းရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား သုံးဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

၂၄.၁၁. ၂၀၂၄Written by Shwe Phyo အိန္ဒိယ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) အဖွဲ့ နှင့် မာတစ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ် မာတစ် ဒေသအနောက်ပိုင်းတွင် တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများကို စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား သုံးဦးကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။ ဖြစ်စဥ်များ၌ ထရီပူရာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီးရှိ မာတစ်မြို့တွင်နေထိုင်နေသော မြန်မာနိုင်ငံသားတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့အပြင် အိန္ဒိယအာဏပိုင်များသည် မီဇိုရမ်ပြည်နယ်ရှိ Zamuang ကျေးရွာအနီးမှ ဖြတ်သန်းမောင်းနှင်သွားသော ကားတစ်စီးကို ထပ်မံတားဆီး ရပ်တန့်စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၁၃ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အိန္ဒိယရဲတပ်ဖွဲ့က အဆိုပါဖမ်းဆီးရမိမှုနှစ်ခုအတွင်း မြန်မာနိုင်ငံ၊ ဖလမ်းမြို့တွင်နေထိုင်သူတစ်ဦးအပါအဝင် […]

“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၃ ရက်နေ့အထိ)

“သုံးပတ်ဆက် ကျဆင်းတဲ့ စက်သုံးဆီဈေး”   နိုဝင်ဘာ ပထမပတ်အတွင်း ဒီဇယ်ဈေးတွေ တက်ခဲ့တာရှိပေမဲ့ ကျန်နှစ်ပတ်လုံး ဆက်တိုက်ကျဆင်းပါတယ်။ အောက်တိန်းဆီဈေးနှုန်းတွေကတော့ သုံးပတ်ဆက်ကျဆင်းခဲ့တာ တွေ့ရပါတယ်။   ပြီးခဲ့တဲ့အပတ်တုန်းက စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်းရောင်းပေးမယ်လို့ ဆိုခဲ့သလို ဒီတစ်ပတ် နိုဝင်ဘာ ၂၁ ရက် ကြာသပတေးနေ့မှာလည်း သွင်းကုန်လုပ်ငန်းရှင်တွေကို ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။   အဲဒီနောက် အရင်ပတ်ကလို သောကြာနေ့မှာပဲ အောက်တိန်းဈေးနှုန်းတွေ တစ်လီတာကို ၅၀ နဲ့ ၅၅ ကျပ်စီ ထပ်မံကျဆင်းခဲ့ပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ တစ်လီတာ ၄၅ ကျပ်နဲ့ ၅၅ ကျပ်စီ အသီးသီးကျဆင်းခဲ့တာတွေ့ရပါတယ်။   နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့ […]