ylliX - Online Advertising Network

ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့်တပ်စခန်းကို KIA သိမ်း – Myanmar Now

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီး ပန်ဝါမြို့နယ်ခွဲအခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းကို တော်လှန်ရေးအင်အားစုက ယနေ့ (အောက်တိုဘာ ၁၅ ရက်) မွန်းလွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ ပန်ဝါမြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင်ရှိသည့်၊ ဒေသခံတို့က လုပီဟု ခေါ်ကြသည့်နယ်ခြားစောင့်စခန်း ဌာနချုပ်ကို  အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက  တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “လုပီဆိုတဲ့ စခန်းကို ခုနကပဲ တစ်နာရီဝန်းကျင်လောက်မှာပဲ ကျွန်တော်တို့သိမ်းပိုက်လို့ရပါပြီ”  ဟု  KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။ အဆိုပါ စခန်း၏ ကာကင်းစခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ  လက်နက်ခဲယမ်းနှင့် သုံ့ပန်း မည်မျှ […]

MNDAA ရဲ့ အနိုင်ကျင့်သမျှခံနေရတဲ့ KIA –  PCT NEWS HOMEPAGE

MNDAA ကတော့ KIA ကို လုပ်လို့ရပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အကြိမ်ကြိမ်စော်ကားပြပြီး စိန်ခေါ်နေပြီ…အခုလည်း မုံးစီးခရိုင်၊ မုံးထမ်ကျေးရွာမှာရှိတဲ့ KIA စခန်းကိုတစ်ခုကို ဖြုတ်သိမ်းပြောင်းရွှေ့ပေးဖို့ MNDAA က ထပ်မံသတိပေးခြိမ်းခြောက်လာတာကြောင့် နှစ်ဘက်စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်လို့ သိရပါတယ်… KIA အနေနဲ့ ဒီလိုမျိုးအကြိမ်ကြိမ်စော်ကားနေတဲ့ MNDAA ကို မှတ်လောက်သားလောက်ဖြစ်သွားအောင် ပြန်ပြီးတုံ့ပြန်ဖို့ လိုနေပြီနော်…အဲဒီလိုမှ မတုံ့ပြန်ဘူးဆိုရင်တော့ ရှေ့လျှောက်လည်း MNDAA အနိုင်ကျင့်စော်ကားသမျှကို ခံနေရဦးမှာဖြစ်ပါတယ်… Related Source link

တိုက်ပွဲပြင်းထန်ခဲ့သည့် လပ်ကီးမဲန်းဟိုတယ်အနီး သေဆုံးခဲ့သူများကို အရိုးစုများအဖြစ်ပြန်လည်တွေ့ရှိ – THE 74 MEDIA

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့မှ အောက်တိုဘာ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကျည်ထိမှန်သေဆုံးနေသည့် ရုပ်အလောင်းများကို ရိုက်ကူးထားသည့် ရုပ်သံတစ်ခုထွက်ပေါ်ခဲ့ပြီးနောက် ယမန်နေ့က အဆိုပါနေရာတွင် ဦးခေါင်းခွံနှင့် အရိုးစုများအဖြစ် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးခဲ့သူများမှာ မည်သူမည်ဝါဖြစ်သည်ကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိသေးပါ။   Post navigation Source link

လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းမိ – THE 74 MEDIA

စစ်ကောင်စီတပ်က တစ်လကျော်ကြာဝင်ရောက်တပ်စွဲခဲ့သည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ်တို့ ယနေ့နံနက် ၆ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူနှင့် စနိုက်ဘာသမားလည်းပါဝင်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ Post navigation Source link

ကချင်အထူးဒေသ (၁) နယ်မြေအတွင်း KIA နှင့် PDF ကို အလိုမရှိကြောင်း ဆန္ဒပြ – THE 74 MEDIA

ချီဖွေမြို့နယ်၊ ချန်းမောခုန်းဒေသတွင် ယနေ့နံနက်ပိုင်းက KIA ပူးပေါင်းတပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ကချင်ပြည်နယ်အထူးဒေသ (၁)၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဒေသတွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းကလည်း KIA နှင့် PDF ကို တိုက်ခိုက်ရန် စစ်မိန့်ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့နှင့် အောက်တိုဘာ ၂ ရက်နေ့တို့တွင် ချီဖွေနှင့် ဆော့လော်မြို့ရှိ တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။   Post navigation Source link

မိုးမောက်ဘက်ကို စစ်ကောင်စီ ထိုးစစ်ပြန်ဆင်၊ ဖားကန့်နဲ့ဝိုင်းမော်မှာ တိုက်ပွဲဆက်လက်ပြင်းထန် – THE 74 MEDIA

ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ KIA သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဗန်းမော်နဲ့မိုးမောက်မြို့ကြားမှာ တိုက်ပွဲပြင်းထန်ခဲ့သလို ဖားကန့်နဲ့ ဝိုင်းမော်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ထိုးစစ်ပြန်ဆင်လာတဲ့အတွက် ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ Post navigation Source link

လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီသင်္ဘောရှစ်စင်း KIA တိုက်ခိုက်သိမ်းပိုက် – THE 74 MEDIA

မန္တလေး၊ ဂေါဝန်ဆိပ်ကမ်းမှ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်လက်နက်နှင့်ရိက္ခာများ သယ်ဆောင်လာသော စစ်ကောင်စီသင်္ဘောကိုးစင်းအနက် ရှစ်စင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ကျန်သင်္ဘောတစ်စင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က ဗန်းမော်မြို့ကို ရောက်ရှိခဲ့ကြောင်းသိရသည်။ Post navigation Source link