ylliX - Online Advertising Network

ဧရာဝတီတိုင်းမှာ မိုးစပါး စထွက်၊ တင်း ၁၀၀ ကို ၁၇ သိန်းဈေးသာရလို့ တောင်သူတွေ အရှုံးပေါ်

မြန်မာပြည်ရဲ့ ဆန်အိုးကြီး ဧရာဝတီတိုင်း၊ ဒေသတချို့မှာ ဒီနှစ် ၂၀၂၄ အတွက် မိုးစပါးတွေ စတင်ထွက်ရှိလာနေပြီး တချို့ဒေသတွေမှာတော့ ရိတ်သိမ်းနေဆဲဖြစ်တယ်လို့ တောင်သူလယ်သမားတွေဆီကနေ သိရပါတယ်။   ဒီနှစ် အောက်တိုဘာလဆန်းပိုင်းကစပြီး ဆန်ကြမ်းအနွယ်ဝင်စပါးအမျိုးအစားတွေဖြစ်တဲ့ ဆင်းသုခ၊ အလဲဗင်း၊ ထွန်းပု၊ ကရင်မ၊ ရက်ကိုးဆယ် စတဲ့ စပါးအမျိုးအစားတွေ စတင်ရိတ်သိမ်းနေတာ ဖြစ်တယ်လို့ ၎င်းတို့က ပြောပါတယ်။   ရေကြီးနစ်မြုပ်မှုနဲ့ ပိုးကျတာတွေကြောင့် ဒီနှစ် စပါးအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။   “အခုမှစရိတ်တုန်းဆိုတော့ ဘယ်လောက်အထွက်နည်းတယ်ဆိုတာတော့ မပြောတတ်သေးဘူး။ ရေမြုပ်တာတွေ၊ လယ်ပျက်စီးတာတွေတော့ရှိတယ်။ စပါးအထွက်နည်းမယ်လို့တော့ထင်ပါတယ်” လို့ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။ ဒါ့အပြင် […]

ဒရုန်းဗုံးသီးဒဏ်ရာကြောင့် ပုဝါနီစစ်ကြောင်းက ရဲဘော် သီလဝ ကျဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်းအမှတ်(၃၅၀၁)(ခွဲ_၃)ရှိ ပုဝါနီစစ်ကြောင်းက ရဲဘော် သီလဝ ဟာ ဒရုန်းဗုံးသီးဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေချိန် ကျဆုံးခဲ့ရတယ်လို့ ပုဝါနီစစ်ကြောင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။   အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ရဲဘော်သီလဝဟာ လွန်ခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့က ရေတာရှည်ခရိုင်အတွင်းရှိ ကဲလင်းဆိပ်ကျေးရွာမှာ လုံခြုံရေးယူနေချိန် စစ်ကောင်စီရဲ့ ဒရုန်း ဗုံးသီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပုဝါနီစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောပါတယ်။ “မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ကျဆုံးရဲဘော်ကိုယ်စား ဆက်လက် တာဝန်ယူသွားမှာပါ” လို့ ပုဝါနီစစ်ကြောင်း တပ်စုမှူး ရဲဘော်တော်လှန်ရေးက CJ Platform ကို ပြောပါတယ်။   ရဲဘော် သီလ၀ (ခ) ဗိုလ်ရှိုင်းလင်းအောင်ရဲ့ တော်လှန်ရေးကာလတလျှောက် ရိုးသားဖြောင့်မတ်ပြီး စည်းကမ်းသေ၀ပ်စွာနဲ့ အနစ်နာခံပေးဆပ်ခဲ့တဲ့ […]

ထားဝယ်မှာ ဆီတင်သင်္ဘောမီးလောင်လို့ ရှစ်ယောက်သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်းဆိပ်ကမ်းမှာ ဆီတင်သင်္ဘော မီးလောင်မှုအတွင်း လူရှစ်ဦးသေဆုံးခဲ့ရတယ်လို့ ထားဝယ်မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။   မီချီလီအမည်ရှိ ဆီသင်္ဘောဟာ ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်ကနေ ဒီကနေ့ မနက် ၈ နာရီခွဲခန့်အထိ ၁၆ နာရီခန့်ကြာအောင် လောင်ကျွမ်းခဲ့တာပါ။ ဒါကြောင့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ရတဲ့အပြင် အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိသလို အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။   အဲဒီဆီတင်သင်္ဘောဟာ B29 ဆီသိုလှောင်ကန်ထဲ စက်သုံးဆီထည့်နေချိန် မီးလောင်ကျွမ်းခဲ့တာကြောင့် ဆီသယ်သင်္ဘောပေါ်ရှိ ဒီဇယ်နဲ့ ဓာတ်ဆီ လီတာ တစ်သိန်းလောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။   ဓာတ်ပုံ […]