ylliX - Online Advertising Network

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြား

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို အမည်မသိ တိုက်ခိုက်သူက လက်ပစ်ဗုံးဖြင့် ပစ်၍တိုက်ခိုက်ခဲ့သည်ကို ယမန်နေ့သတင်းများ၌ ဖော်ပြထားကြောင်း၊ ထိုဖြစ်ရပ်အား ပြောရေးဆိုခွင့်ရှိသူအနေဖြင့် အတည်ပြုပေးနိုင်ပါသလား၊ ထို့အပေါ်  မည်သို့တုံ့ပြန်ပြောကြားလိုပါသနည်း ဟု Bloomberg သတင်းဌာန သတင်းထောက်တစ်ဦးက အောက်တိုဘာ ၂၁ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မြန်မာနိုင်ငံတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခန့်က မန္တလေးမြို့၌ လမ်းမအနီးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၏ ရုံးအဆောက်အဦတစ်ခု ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ လူသေဆုံးဒဏ်ရာရမှုမရှိသော်လည်း ရုံးအဆောက်အဦ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါလုပ်ရပ်အပေါ်  အလွန်ထိတ်လန့်အံသြမိသလို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့အနေဖြင့် အရေးပေါ်တုံ့ပြန်မှုယန္တရားကို လျင်မြန်စွာ […]

အမေရိကန်စစ်အခြေစိုက်စခန်းမှ “အဆိပ်သင့်ရေဆိုးများ” က တိုကျို၊ Fussa မြို့အထိ ယိုစိမ့်လာသည်ဟု သံသယရှိ

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)ဂျပန်နိုင်ငံတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်၏ နောက်ဆုံးရသတင်းများအရ အမေရိကန် ယိုကိုတာ စစ်အခြေစိုက်စခန်းမှ ဩဂုတ်လအတွင်း ယိုစိမ့်ခဲ့သည့် အန္တရာယ်ရှိသော ရေဆိုးများသည် အနီးနားရှိ တိုကျို၊ Fussa မြို့သို့ စီးဆင်းသွားနိုင်ဖွယ်ရှိသည်ဟု ဂျပန်မီဒီယာများက အောက်တိုဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။ တိုကျိုမြို့တော်အစိုးရသည် အများပြည်သူသုံးရေနှင့် မြေအောက်ရေညစ်ညမ်းမှုအခြေအနေကို စုံစမ်းစစ်ဆေးရန် ဂျပန်ဗဟိုအစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။ ယခုနှစ် ဩဂုတ်လက မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း အမေရိကန် ယိုကိုတာ စစ်အခြေစိုက်စခန်း ရေသိုလှောင်ကန်မှ Per- and polyfluoroalkyl substances (PFAS) ပါဝင်သော လီတာ ၄၇,၀၀၀ ခန့် ရှိသည့် ညစ်ညမ်းရေ ယိုစိမ့်မှုဖြစ်ပွါးကာ ရေဆိုးတချို့သည် ရေနုတ်မြောင်းမှတစ်ဆင့် အခြေစိုက်စခန်းအပြင်သို့ […]

နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း တရုတ်နိုင်ငံက အလေးထားပြောကြား

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း၊ အချို့သောနိုင်ငံများသည် ယေဘုယျသဘောတူညီမှုမရှိသည့်အခြေအနေနှင့် သိသိသာသာ သဘောထားကွဲလွဲမှုရှိသည့်အခြေအနေတွင် နိုင်ငံတကာဥပဒေပြုမှုကို အတင်းအကျပ်ဖော်ဆောင်ခြင်းက ပြိုကွဲမှုကိုသာဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က အောက်တိုဘာ ၁၈ ရက်တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမမြောက်ကော်မတီ “ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး” အကြောင်းအရာ ပါဝင်ဆွေးနွေးရာ၌ အလေးထားပြောကြားခဲ့သည်။ကိန်းစွမ်က နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို မြှင့်တင်ခြင်းသည် ကမ္ဘာကြီးငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ပြီးပြည့်စုံစေရေးအတွက် အခြေခံနှင့် အာမခံချက်ဖြစ်ကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” တွင် နိုင်ငံတကာဥပဒေ၏ အခြေခံမူဝါဒကို ချမှတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အခြေခံပြုမူလုပ်ဆောင်မှု သတ်မှတ်ချက်များကို ချမှတ်ခဲ့ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာစနစ်အခြေခံကို အုတ်မြစ်ချခဲ့ပါကြောင်း၊ […]

ဒေသတွင်း ပဋိပက္ခများ တစ်ဆင့်တိုး ကျယ်ပြန့်လာမှုကို ကာကွယ်ရန် အီရတ်ခေါင်းဆောင်က တိုက်တွန်း

ဘဂ္ဂဒက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဒေသတွင်း ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုကို ကာကွယ်ရန် “ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်တို့အပေါ် အစ္စရေး ကျူးကျော်မှုကို တားမြစ်ရမည်” ဖြစ်သလို ချက်ချင်းအရေးယူလုပ်ဆောင်သင့်သည်ဟု အီရတ်နိုင်ငံ သမ္မတ Abdul Latif Rashid က အလည်အပတ်ရောက်ရှိနေသော အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် တွေ့ဆုံစဉ် အလေးအနက် ပြောကြားခဲ့သည်။ Rashid ကလည်း အီရတ်နိုင်ငံ အနေဖြင့် “အိမ်နီးနားချင်းနိုင်ငံများအပေါ် ကျူးကျော်မှုပြုလုပ်ရန် ကြားခံနယ်ဖြစ်လာမည်ကို ငြင်းဆိုသည်” ဟု တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း အီရတ်သမ္မတရုံးက အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး၊ လက်ဘနွန်-အစ္စရေး အသစ်တစ်ဖန် ဖြစ်ပွားသည့် ပဋိပက္ခများသည် ဒေသတွင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိရာ အခြေအနေ […]