ချင်းပြည်၊ ဖလမ်းမြို့မှာ နယ်မြေစိုးမိုးရေးအတွက် တပ်ဖြန့်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အောက်တိုဘာလ ၂၅ ရက်၊ မနက် ၉ နာရီမှာ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ရှိသူထံက သိရပါတယ်။ ဖလမ်းအခြေစိုက် စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းဟာ အင်အား ၄၀ ခန့်နဲ့ အထက (၁) ကျောင်းဘက်မှာ ခြေကုပ်နေရာယူတပ်စွဲဖို့ စစ်ကြောင်းထိုးအလာ CNDF က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ပြန်ဆုတ်သွားတယ်။ ရာသီဥတုက အတော်ဆိုးတော့ ထိခိုက်မှုအခြေနေမသိရဘူး”လို့ CNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ […]
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ကားကို ရွှေဆိုင်ပိုင်ရှင် အိမ်ရှေ့မှာ လူလေးယောက်က လုယက်ခဲ့ပြီးနောက် အဲဒီ လေးယောက်ထဲက သုံးယောက်ကို သက်သေခံတွေနဲ့အတူ ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ လုယက်မှုဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့ကာ လှိုင်မြို့နယ် အမှတ် ၄ ရပ်ကွက် အေးရိပ်မွန်လမ်းမကြီပေါ်က ခြံအမှတ် ၂ ရှေ့မှာ လုယက်ခဲ့ကြတာဖြစ်ပြီး တစ်ယောက်မှာ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လုယက်သူတွေထဲပါဝင်တဲ့ ထက်အောင်ခိုင် ရဲ့ ဇနီးဖြစ်သူ မသက်ထားခိုင် (ခ) ရည်မွန်အေးကို တောင်ဥက္ကလာ ၅ ရပ်ကွက် ပါရမီလမ်းနဲ့ သုမင်္ဂလာလမ်းဆုံမှာ စစ်ဆေးခဲ့ရာကနေ ဘေးလွယ်အတွင်း ပလက်တီနမ် ရွှေဖြူဆွဲကြိုး ရှစ်ကုံးနဲ့အတူ […]
ရခိုင်ပြည်ရဲ့ တောင်ဘက်အစွန်ဆုံးဖြစ်တဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် ( AA) တို့ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၅ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေနဲ့ ဆုတ်ခွာထွက်ပြေးရတာတွေရှိတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။ ဂွမြို့နယ်၊ ကြွေချိုင်ရွာထိပ်ရှိ တောင်ပိန္နဲရိပ် စားသောက်ဆိုင်အနီး စစ်ကောင်စီတပ် စစ်ကြောင်းကို AA က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ “မနက်အစောကြီးရှိသေးတယ်။ အပြန်အလှန်ပစ်နေတာ တော်တော်ကြာတယ်။ စစ်တပ်က အငိုက်မိသွားတာ။ သေတဲ့လူလည်း အတော်များတယ်။ ပြန်မဆွဲနိုင်ဘူး။ လက်နက်တွေလည်းထားခဲ့ပြီး ထွက်ပြေးသွားတယ်”လို့ CJ Platform ရဲ့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ စစ်ကောင်စီနဲ့ […]
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း ဒါနာ(DANA)ရဲ့အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလရဲ့ ဒီကနေ့ နေ့လယ်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းကနေ မနက်ဖြန် အောက်တိုဘာ ၂၅ ရက် နေ့လယ် ၂ နာရီအထိ တနင်္သာရီ၊ ကရင်၊ ကရင်နီ(ကယား)ပြည်နဲ့ မွန်ပြည်တို့ကလွဲပြီး ကျန်ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာအပြင် လေပြင်းတိုက်ခတ်တာတွေပါဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။ အခုလို ဆိုင်ကလုန်းမုန်တိုင်းဒါနာအရှိန်ကြောင့် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ အဲဒီလိုနေရာတွေမှာ နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ စစ်ကောင်စီမိုးဇလက သတိပေးထားပါတယ်။ လတ်တလော ဒါနာဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနေပြီး မနက်ဖြန် […]
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်း ဝင်စီးနေလို့ ဒေသခံ သောင်းချီပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီဒေသခံစစ်ဘေးရှောင် ကူညီနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်နေ့က ကူတော်ရွာကနေ ဘုတလင်မြို့ပေါ်ကို အသွား လမ်းခုလတ်ကွင်းပြင်မှာ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းတစ်ခု ပျက်တဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါကြောင့် အခုစစ်ကြောင်းဟာ အဲဒီအနီးနားက ကျေးရွာတွေကို အောက်တိုဘာ ပထမပတ်အတွင်းကစပြီး အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့တာနဲ့ လူသားဒိုင်းလုပ်ဖို့ ခေါ်ဆောင်တာတွေ ပြုလုပ်ခံနေရတယ်လို့ သိရပါတယ်။ လတ်တလော စီပါ၊ တက်လှိုင်း၊ ပဲပြစ်တော၊ မြောက်ကျီ၊ ရွာရှည်၊ ကျို့ကုန်း၊ ငပုယင်း၊ ကြွက်သေချောင်း၊ မောင်းထောင်၊ ဆယ်ဝ၊ သပြေပင်၊ ရှမ်းတဲ၊ ရွာသာ၊ ဖျောက်ဆိတ်ကုန်း၊ […]
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ဂွမြို့နယ်က ကြွေချိုင်ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အာရက္ခတပ်တော် AA ထိုးစစ်ကြောင့် တပ်ဆုတ်ထွက်ပြေးသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။ ကြွေချိုင်ရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဆုတ်ခွာသွားကြပြီလို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “သူတို့တိုက်ပွဲမှာ အကျအဆုံးများလို့ စစ်ကားတွေနဲ့ ထွက်ပြေးသွားကြတာ။ ဂွမြို့ဘက်ကို ဆုတ်တယ်လို့တော့ ထင်ရတယ်။ သူတို့တပ်ဆုတ်ပြီးတော့ လေယာဉ်တွေနဲ့လည်း ကြွေချိုင်ဘက်ကို ဗုံးလာကြဲသေးတယ်” လို့ သူက ပြောပါတယ်။ အဲဒီမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့လောက်ကစလို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုများခဲ့သလို ဒဏ်ရာရသူတွေကိုလည်း ကားတွေနဲ့တင်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။ […]
တိုက်ပွဲတွေပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည်၊ အမ်းမြို့အနီးက လုံးကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ အင်အား ၁၀၀ ပါ စစ်ကြောင်းက လုံးကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျသွားတယ်လို့ စစ်ဘေးရှောင် လုံးကျေးရွာသားတစ်ဦးက ပြောပါတယ်။ “မနက်အစောကြီး ၅ နာရီခွဲ ၆ နာရီလောက် လာရှို့တာ။ လက်ရှိရောက်နေတဲ့ နေရာကနေ လှမ်းမြင်နေရတယ်။ မီးခိုးလုံးတွေ တက်လာတာကို။ ရွာမှာက တိုက်ပွဲတွေ ပြင်းကတည်းက ရှောင်နေကြတာ။ အိမ်စောင့် လူနည်းစုတော့ ကျန်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ကျေးရွာအတွင်း အိမ်စောင့်သဘောအနေနဲ့ သက်ကြီးရွယ်အိုတချို့ ကျန်ရစ်ခဲ့ပြီး […]
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်က သူနာပြု ဆရာမတစ်ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ မျက်နှာဖုံးစွပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ ဖမ်းဆီခံရတဲ့ သူနာပြုဆရာမဟာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်အထိ မလွတ်မြောက်လာသေးဘူးလို့ ဆိုပါတယ်။ သူဟာ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းပေါ်ရှိ ရွှေစင်ဆေးဆိုင်က သူနာပြုဆရာမ ဒေါ်ချိုချိုမောင်ဖြစ်ပြီး စစ်ကောင်စီတပ်က သူ့ရဲ့ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “လပြည့်ညမှာပဲ သူ့ကို အိမ်ကနေ ခေါင်းကို အိတ်အနက်စွပ်ပြီး တပ်က ကားနဲ့ လာဖမ်းသွားတယ်။ စစ်တပ်က ရဲမေတွေ ပါတယ်။ သူ့ရဲ့ သမီးလေးတွေ အော်ငိုကျန်ခဲ့ကြတယ်။ အခုထိ ပြန်လွတ်မလာသေးဘူး”လို့ ဆိုပါတယ်။ ဖမ်းဆီးမှုနဲ့ […]
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ ကထိန်ပွဲပြုလုပ်နေတဲ့ အင်ပထိုးရွာအနီးကို အောက်တိုဘာလ ၂၀ ရက်နေ့က လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က CJ Platform ကို ပြောပါတယ်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ညနေ ၄ နာရီ ၁၄ မိနစ်ခန့်မှာ ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဗုံးသီးတွေဟာ အင်ပထိုး၊ စည်သာမြေနဲ့-မဲအိုးကျေးရွာ စတဲ့ ရွာသုံးရွာအကြားရှိ ချောင်းကူးတံတားအနီးကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။ “မိတ္ထီလာရှမ်းတဲကနေ တက်လာတဲ့ MiG-29 ဖိုက်တာတစ်စင်းနဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူး။ […]
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ အဲဒီထဲမှာ စစ်သင်တန်း တက်ချင်တဲ့ ဆန္ဒမရှိတဲ့ လူငယ်တွေပါရင် စစ်ကောင်စီကို ငွေ ကျပ်သိန်း ၁၀၀ ပေးပြီး မိသားစုဝင်တွေက ပြန်ရွေးရတယ်လို့လည်း ဆိုပါတယ်။ “ကျွန်တော့်သားကို ဖမ်းသွားတုန်းက ပြန်ရွေးလို့ မရတော့ဘူး ထင်နေတာ။ မနက် ချက်ချင်း လိုက်သွားတော့မှ သိန်းတစ်ရာနဲ့ ရွေးရမယ်ပြောတယ်။ ရွေးပြီးတော့ ပြန်လွတ်လာတယ်”လို့ မိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေကို စစ်ကောင်စီက ပြန်မလွှတ်ပေးဘဲ စစ်သင်တန်းတက်ရောက်ဖို့ လက်ရှိမှာ ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်လို့ စွပ်စွဲ ဖမ်းဆီးခံရတာ […]