ylliX - Online Advertising Network

ပြည်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုသတင်းများ ပြည်ပသို့ ပေးပို့ ရောင်းစားသူအား ဖမ်းဆီးရမိ

ပြည်၊ နိုဝင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှု သတင်းများကို ပြည်ပသို့ ပေးပို့ ရောင်းစားနေသည့် သက်ဝေလင်း ဆိုသူအား ဖမ်းဆီးရမိကြောင်း သိရသည်။ သက်ဝေလင်း ဆိုသူအား ပြည်သာယာရပ်ကွက်ရှိ Mayတည်ခိုခန်းတွင် လုံခြုံရေးတပ်ဖွဲ့  မှဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ဆက်စပ်သူများကိုလည်း ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရပါသည်။ လုံခြုံရေးသတင်းများကို ပြည်ပပေးပို့ ရောင်းစားသူများအား တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link

အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကျင်းပသည့် ဖိုရမ်သို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

Credit to Popular Journal – အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပခဲ့သည့် Jakarta Forum on ASEAN-China Relations သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဖိုရမ်ကို ဂျကာတာမြို့တွင် နိုဝင်ဘာ (၁)ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းဖိုရမ်၌ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အာဆီယံ – တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးဖြစ်သည့် မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖိုရမ်ကို အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ […]