ဂိမ်းချစ်သူ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ကြောင်တောင်တောင် နိုင်တယ်လို့ ထင်ရပေမယ့် ဆော့နေရင်းကို အူတက်နေရမယ့် ပေါက်ပေါက်ရှာရှာ ဂိမ်း အစားကြီးတွေကို တင်ဆက်ပေးပါမယ်။ (၁) Walk Master Source : Two Men and a Dog ဒီဂိမ်းကတော့ Walk Master ဆိုတဲ့အတိုင်း ကွီးတို့ လမ်းလျှောက် စကေး ဘယ်လောက်ကြမ်းလဲဆိုတာ ကြည့်ရမယ့် တကယ်စားတဲ့ ဂိမ်း တစ်ခုပါ။ ရိုးရိုးတမ်းတမ်း လမ်းလျှောက်ရမှာတော့ မဟုတ်ပါဘူး။ ကုလားမ ခြေထောက်လို့ခေါ်တဲ့ သစ်သားတုတ်ပေါ်တက်ပြီး လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ အတားအဆီးတွေ ၊ အနှောင့်အယှက်တွေကို ကျော်ဖြတ်ရင်း တောလမ်းတစ်လျှောက် ပျော်ပျော်ပါးပါး လမ်းလျှောက်ထွက်ရမယ့် ဂိမ်းလေး ဖြစ်ပါတယ်။ (၂) Ragdoll Fists […]
ကွီးတို့ ဘဝမှာ အနည်းဆုံး တစ်ခေါက်တော့ တစ်ကိုယ်တော် ခရီးသွား ကြည့်သင့်ပါတယ်။ ခရီးတစ်ခုကို အစကနေအဆုံးအထိ တစ်ယောက် တည်း အစီအစဉ်ချ ၊ ကိုယ်ထူကိုယ်ထ သွားရတာဟာ ကွီးတို့အတွက် မတူညီတဲ့ အတွေ့အကြုံအသစ်တွေ ရရှိနိုင်မှာ ဖြစ်သလို စွန့်စားလိုစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတက်တဲ့ ကောင်းတဲ့ အကျင့်စရိုက်တွေ များစွာ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကွီးတို့ တစ်ကိုယ်တော် ခရီးသွားသင့်တဲ့ အကောင်းဆုံး နေရာတွေ အကြောင်းပါ။ (၁) ဂျပန် Photo : Time Out ဂျပန်နိုင်ငံကတော့ တစ်ကိုယ်တော် ခရီးသွားတွေအတွက် သက်တောင့်သက်သာအရှိဆုံးနဲ့ အလုံခြုံဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ လှပတဲ့ နေရာဒေသတွေ များစွာရှိသလို ဂျပန်လူမျိုးဒေသခံတွေရဲ့ နှစ်လိုဖွယ် ဖော်ရွေပြုငှာမှုတွေဟာ […]
ပစ္စည်းဆန်းလေးတွေကို ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ်တိုင်ဖန်တီးရတာ နှစ်ခြိုက်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်တော့ အိမ်တွင်းအလှဆင်ဖို့ မီးအိမ် လှလှလေးတွေ ပြုလုပ်နိုင်မယ့် DIY ပရော့ဂျက် အိုင်ဒီယာလေးတွေကို မျှဝေပေးချင်ပါတယ်။ (၁) စက္ကူမီးအိမ် မျက်နှာကျက်မှာ ချိတ်ဆွဲအလှဆင်နိုင်မယ့် စက္ကူ မီးအိမ် လှလှလေးတစ်ခု ဖန်တီးလို့ ရပါတယ်။ စက္ကူ အပိုင်းအစလေးတွေကို အဝိုင်းပုံစံ ဖြတ်ညှပ်ခေါက်ပြီး ကော်နဲ့ပြန်လည် တွဲကပ်ပေးရပါမယ်။ စက္ကူပိုင်းလေးတွေအပေါ်မှာ ကွီးတို့နှစ်သက်ရာ စာသားလေးတွေ ရေးလို့ရတာကြောင့် အိမ်မှာပဲ အလှဆင်ချင်လို့ ဖြစ်ဖြစ် ၊ ချစ်သူကောင်မလေးကို လက်ဆောင်အနေနဲ့ ပေးဖို့ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ (၂) အသဲပုံ မှန်မီးအိမ် ရိုမန့်တစ်ဆန်ဆန် အသဲပုံ မှန်မီးအိမ် လေးဖန်တီး ကြည့်ရအောင်ပါ။ ဒီမီးအိမ်လေးကို Heartland လို့ နာမည် ပေးထားပါတယ်။ အသဲပုံဒီဇိုင်း […]
Realme P-series ရဲ့ တတိယမြောက် မျိုးဆက် စမတ်ဖုန်း အသစ် Realme P1 Speed ဖုန်းကို ဒီနေ့မှာပဲ အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ Photo : Speed GIZGUIDE ဒီဖုန်းမှာ ၆.၆၇ လက်မ OLED FHD+ 120Hz မျက်နှာပြင် တပ်ဆင်ပေးထားပြီး Dimensity 7300 Energy Chipset နဲ့ 45W Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50MP Main ကင်မရာနဲ့အတူ 2MP Depth ကင်မရာ ၁ လုံး တွဲဖက် တပ်ဆင်ပေးထားပြီး အရှေ့ဘက် Punch-Hole Cutout […]
ဒီဘက်ခေတ်မှာ ရည်းစားရဖို့ အရမ်းကို လွယ်ကူနေပြီလို့ ပြောရင် ကွီးတို့ ငြင်းမယ်မထင်ပါဘူး။ အရင်ခေတ်ကလို ချစ်တယ် အဖြေရဖို့ ၊ လက်ကလေးကိုင်ရဖို့ အချိန်ကြာကြီး စောင့်ဆိုင်းစရာမလိုတော့ပဲ အခုတွေ့ ၊ အခုချစ် ၊ အခုတွဲ ၊ သိပ်မကြာခင်မှာပဲ ပြတ်စဲကြတဲ့ ချစ်ကြိုက်ကွဲ ဇာတ်လမ်းတွေ အရမ်းကို များလာပါတယ်။ ရေရှည်လက်တွဲနိုင်တဲ့ စုံတွဲတွေ လုံးဝမရှိတော့တာ မဟုတ်ပေမယ့် ရှားရှားပါးပါး ရယ်ပါ။ ဒီဘက်ခေတ်စုံတွဲတွေမှာ ဘာကြောင့် ဒီလို လွယ်လွယ်ချစ် လွယ်လွယ်ကွဲ ကြတယ်လို့ ထင်ပါသလဲ ??? ဒီဆောင်းပါးမှာ အဖြေရှာ ကြည့်လိုက်ရအောင်ပါ။ (၁) ဖောက်ပြန်ဖို့ အရမ်းလွယ်နေလို့ Photo : SciTechDaily ဒီဘက်ခေတ်ကြီးမှာက ဖောက်ပြန်ဖို့ အရမ်းကို လွယ်ကူနေပါပြီ။ သစ္စာရှိရှိ ချစ်တယ်ဆိုတဲ့ […]