ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ဩဂုတ်လဆန်းမှစတင်သည့် တိုက်ပွဲများအတွင်း လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် သေဆုံးသည့် အရပ်သား အရေအတွက် ၃၀ ကျော် လာပြီဟု သိရသည်။ သေဆုံးဒေသခံ ၃၇ ဦး၊ ဒဏ်ရာရသူ ၅၀ ကျော် ရှိသည်ဟု တအာင်း/ပလောင်တပ် (TNLA)၏ ထုတ်ပြန်ချက်၊ သီပေါအခြေစိုက် ပရဟိတ အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။ အောက်တိုဘာ ၈ ရက် ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ် Y-12 အမျိုးအစား တိုက်လေယာဉ်ဖြင့် သီပေါမြို့ပေါ်နှင့် မြို့အနီးရှိနမ့်ငုံးကျေးရွာသို့ ဗုံးအလုံးရေ ၅၀ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။ နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲသည့် ဗုံးကြောင့် သီလရှင်တစ်ပါး […]
စစ်ကောင်စီတပ်က တစ်လကျော်ကြာဝင်ရောက်တပ်စွဲခဲ့သည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ်တို့ ယနေ့နံနက် ၆ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူနှင့် စနိုက်ဘာသမားလည်းပါဝင်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ Post navigation Source link