ylliX - Online Advertising Network

ထိုင်းဘတ် အတက်ဈေးတွင်ငြိမ် ၊ ၁၄၃ ရက်မြောက် ရွှေဈေးမဖွင့် (အောက်တိုဘာ ၂၅) – Dawei Watch

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၁၄၃ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆,၆၀၀,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ငွေလဲနှုန်းမှာ အတက်ဈေးတွင် ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၇၄၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ Source link

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ

အောက်တိုဘာ ၁၈ ရက်၊ နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ကျင်းပလျက်ရှိသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲသို့ နစကဥက္ကဌနှင့် ဇနီးတက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်ဟု သိရသည်။ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ကျင်းပသည့် အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း (အမျိုးသမီး) (ဂီတာ) အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ” (ကြိုး) သီချင်းအား သီချင်း၏ရသပေါ်လွင်စေပြီး နားဆင်သူများ နားဝင်ပီယံရှိစေရန် လက်စွမ်းပြတီးခတ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း […]