ylliX - Online Advertising Network

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် Source link

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ – အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ‌ရန်ကုန်၊ အောက်တိုဘာလ ၁၆ ရက်။ ၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီအချိန်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပရာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမျိုးသူရ နှင့် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးကျော်ထူးအောင်၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမျိုးသူရမှ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအားလိုက်လံနှုတ်ဆက်ခဲ့သည်။ ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၊ ပထမတန်းအမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ ဒုတိယတန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲ ၊ ၅၀နှစ်အထက်နှစ်ယောက်ပေါင်း အသက် ၁၁၀ပြိုင်ပွဲ ၊ ၆၀နှစ်အထက်နှစ်ယောက်ပေါင်း အသက် ၁၃၀ပြိုင်ပွဲ၊ U-12 အမျိုးသား ပြိုင်ပွဲ၊ U-12 အမျိုးသမီးပြိုင်ပွဲ၊ U-14 အမျိုးသားပြိုင်ပွဲ၊ U-14 အမျိုးသမီးပြိုင်ပွဲ၊ U-16 အမျိုးသားပြိုင်ပွဲ၊ […]

ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အမျိုးသမီးကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပ – အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အမျိုးသမီးကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပ တောင်ကြီး၊ အောက်တိုဘာ ၁၆ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသမီးကိုယ်လုံပညာသင်တန်းဆင်းပွဲအား ယနေ့ နေ့လည် ၁၁း၃၀ နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ၊ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှင့်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက ဒေါ်ညိုမီစော ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ ဇနီး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးကြီး၏ ဇနီး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှင့်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ ဥက္ကဌ ဒေါ်ထားထားဝင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၏ ဇနီး ၊ ခရိုင် / မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်သစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်သစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ အောက်တိုဘာလ ၁၅ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်သစ် ဖွင့်ပွဲနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံရေကူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဝေလင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ် ‌ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစား သမားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား အစီအစဉ်အရ ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားသမားများက […]

မြန်မာ-တရုတ်နှစ်နိုင်ငံမသန်စွမ်းသူများ ချစ်ကြည်ရေး အားကစားလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်ရန်ပြည်ပထွက်ခွာ – အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာ-တရုတ်နှစ်နိုင်ငံမသန်စွမ်းသူများ ချစ်ကြည်ရေး အားကစားလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊အောက်တိုဘာလ ၁၄ ရက် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် ကျင်းပပြုလုပ်မည့် မြန်မာ-တရုတ်နှစ်နိုင်ငံမသန်စွမ်းသူများ ချစ်ကြည်ရေး အားကစားလှုပ်ရှားမှုအခမ်းအနား(China-Myanmar Disabled Persons Rehabilitation Sports and Fitness exchange activities under the Belt and Road)သို့ တက်ရောက်ရန် အဖွဲ့ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်(၈)ဦးတို့သည် ယနေ့နေ့လယ်(၁၂:၃၀)နာရီ အချိန်၌ လေယာဉ်အမှတ် UB- 811 ဖြင့်ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။ Source link

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ် – အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ် တောင်ကြီး၊ အောက်တိုဘာလ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသမီးကိုယ်လုံပညာ သင်တန်းအား ယနေ့ မွန်းလွဲ ၁၄:၃၀ နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်လှစ်ရာသို့ ရှမ်းပြည်နယ်အမျိုးသမီးရေးရာနှင့် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ ဥက္ကဌ ဒေါ်ထားထားဝင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်ဇနီး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေးတို့အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းသူများအနေဖြင့် မိမိကိုယ်ကိုပြန်လည်ခုခံကာကွယ်နိုင်စေရန်ရည်ရွယ်၍ ၇.၁၀.၂၀၂၄ ရက်နေ့မှ စတင်ကာ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းအား သင်တန်းသူစုစုပေါင်း(၁၆)ဦးတက်ရောက်နေကြပြီး အဆိုပါသင်တန်းကို ၁၁.၁၀.၂၀၂၄ ရက်နေ့ထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ Source link