မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပါဝင်သော (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် အသီးသီး အောင်မြင်စွာ ကျင်းပ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၂၁၀) ဦးပါဝင်လှူဒါန်းခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများရှိ အရေးပေါ် သွေးလိုအပ်ချက် ရှိသူများအတွက် အထောက်အပံ့ပြုလှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုလို စုပေါင်းသွေးလှူဒါန်းမှုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ MPT သည် များစွာသော သွေးလှူဒါန်းခြင်းလှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး စေတနာသွေးလှူရှင်ပေါင်း (၈,၆၀၀) ကျော်က သွေးအိတ်ပေါင်း (၈,၀၀၀) ကျော်ကို လှူဒါန်းနိုင်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုများသည် နိုင်ငံအနှံ့ အရေးပေါ် သွေးသွင်းကုသမှု […]
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) တို့ရှိ MSAN အိတ်ချိန်းများနှင့် ချိတ်ဆက်ထားသော NGN (Next Generation Network) စနစ် ကို vIMS (Virtual IP Multimedia Subsystem) စနစ်ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ https://bit.ly/3BVoEh1 ဖော်ပြပါလင့်ခ်ရှိ အော်တိုတယ်လီဖုန်းနံပါတ် သုံးစွဲသူများအနေဖြင့် အဆင့်မြှင့်တင်မှု ဆောင်ရွက်နေစဉ် အတွင်း သက်ဆိုင်ရာရက်အလိုက် အချိန်အနည်းငယ်မျှ ဆက်သွယ်ရေး ဝန်ဆောင်မှု အခက်အခဲအချို့ ကြုံ့တွေ့နိုင်မည် ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ Image: MPT […]
ခေတ်မီလှပပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့အတူ အကြမ်းခံ၊ ရေစိုခံတဲ့ OPPO Reno12 Series | Myanmar Tech Press
ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် OPPO က စမတ်ဖုန်းတွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် သုံးစွဲသူတွေရဲ့ အတွေ့အကြုံများစွာကို ထည့်သွင်းစဉ်းစားရင်း စဉ်ဆက်မပြတ်ဆိုသလို ဖန်တီးထုတ်လုပ်ပေးလာခဲ့တာ အချိန်တစ်ခုရှိလာပြီဖြစ်ပါတယ်။ အခုဆိုရင် OPPO ဟာ သုံးစွဲသူတွေရဲ့ အနီးကပ်ဆုံးနေရာက စက်ပစ္စည်းမှာတောင် ဖြစ်လာခဲ့ပြီး ၎င်းတို့ရဲ့ ရှုပ်ထွေးလှတဲ့ လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးနိုင်မဲ့အပြင် မျှော်မှန်းထားတာထက်တောင် ပိုလျှံနေတဲ့ လုပ်ဆောင်နိုင်စွမ်းတွေပါရှိတဲ့ ဖုန်းအဖြစ် တည်ရှိလာပြီ ဖြစ်ပါတယ်။ ဒါနဲ့အတူ ဖုန်းသုံးစွဲသူတွေက ဖုန်းတွေကို သူတို့နဲ့အတူ နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိဖို့ မျှော်လင့်ထားကြတာကြောင့် ယုံကြည်စိတ်ချရမှုနဲ့ ပတ်သက်လို့ စိန်ခေါ်မှုတွေလဲ ရှိလာနိုင်တာဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးဆိုတာ စတင်ဖွင့်ဖောက်ချိန်မှာပဲ ရင်ခုန်ရတဲ့ အရာတစ်ခုသာသာ မဟုတ်သလို မတော်တဆမှုတွေနဲ့ ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးအတွက် ရေရှည်မှာပါ ခံနိုင်ရည်ရှိဖို့လဲ လိုအပ်နေပါသေးတယ်။ Image: OPPO OPPO Reno12 Series ကို ဖန်တီးဖို့ စတင်စဉ်းစားခဲ့စဉ်က တကယ်ကို […]
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ် A Series စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲကမှ “အကြမ်းပတမ်းသုံး OPPO A3 ဖုန်း”ဆိုတဲ့ ဆောင်ပုဒ်နဲ့ OPPO A3 ကို မြန်မာနိုင်ငံဈေးကွက်ထဲသို့ စတင်မိတ်ဆက်လိုက်ပါတယ်။ အခု ထွက်ရှိလာတဲ့ OPPO A3 ဟာ ဘက်စုံသုံးနိုင်ရုံ သာမက နေ့စဉ်ခံနိုင်ရည်နဲ့ တာရှည်ခံမှုအတွက် ဒီဇိုင်းထုတ် ဖန်တီးထားပြီး Military-Grade Shock Resistance နဲ့ Multiple Liquid Resistance ပါရှိတဲ့အပြင် ပျက်စီးမှုဒဏ်ခံနိုင်တဲ့ ကိုယ်ထည်၊ ၊ 45W SUPERVOOC Flash Charge နဲ့ ကြာရှည်ခံနိုင်ပြီး ကြီးမားတဲ့ 5,100mAh ဘက်ထရီ တို့ ပါဝင်လာတာကြောင့် အသုံးပြုသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေကို ခံစားတွေ့ကြုံနိုင်မှာဖြစ်ပါတယ်။ OPPO A3 ကို အောက်တိုဘာ ၁၂ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၆၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချသွားမှာဖြစ်ပြီး ဝယ်ယူသူများအားလုံးဟာ လက်ဆောင်အနေနဲ့ ilike ဘေးတစ်စောင်းအိတ်တစ်လုံး ရရှိဦးမဲ့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူသူများအနေနဲ့ 4-Year Battery Protection […]
Samsung Myanmar ဟာ Galaxy AI ecosystem ထဲအသစ်ထပ်မံရောက်ရှိလာတဲ့ Galaxy S24 FE စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံစျေးကွက်မှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။ Galaxy AI အပါအဝင် စွမ်းဆောင်ရည်အမြင့်ဆုံး Galaxy S24 Series စမတ်ဖုန်းတွေရဲ့ လူကြိုက်များတဲ့လုပ်ဆောင်ချက်တွေပါဝင်တဲ့ Fan Edition စမတ်ဖုန်းအသစ် Galaxy S24 FE ကို ပရီမီယံဆန်တဲ့ စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို အတန်ဆုံးစျေးနှုန်းနဲ့ရရှိနိုင်အောင် ဖန်တီးပေးထားတာပါ။ Galaxy S24 FE ဟာ Galaxy S24 Series မှာလို ပရီမီယံဆန်တဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာတာဖြစ်ပြီး အရောင်အားဖြင့်လည်း လှပသစ်လွင်တဲ့ Blue, Mint, Grey တို့နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ အကြမ်းခံနိုင်စွမ်းမြင့်မားတဲ့ Gorilla Glass Victus+ […]
သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ် MPT က သုံးစွဲသူများအတွက် ပြန်အမ်းငွေလက်ဆောင် ၅ဆ ရရှိနိုင်မည့် အထူးပက်ကေ့ချ်၊ MPT Club အဖွဲ့ဝင်များအတွက် အထူးအကျိုးခံစားခွင့်နှင့် လျှော့ဈေးများပါဝင်သည့် MPT Club ပွိုင့်လဲလှယ်ခြင်း ပရိုမိုးရှင်း အစီအစဉ်များကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ Image: MPT သုံးစွဲသူများသည် ဒေတာ 500 MB၊ MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့် မိနစ် (၅၀) ၊ အကန့်အသတ်မရှိ စာတို (SMS) ပေးပို့ခွင့်နှင့် ပြန်အမ်းငွေ (၅) ဆ (၉,၉၉၅ ကျပ်) ပါဝင်သည့် “ရှယ်တန် Combo” ပက်ကေ့ချ် ကို ၁,၉၉၉ ကျပ် ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါပရိုမိုးရှင်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်မှ နိုဝင်ဘာလ (၃၀) ရက်အထိဖြစ်ပြီး သုံးစွဲသူများအနေဖြင့် သီတင်းကျွတ်ပိတ်ရက်ကာလများတွင် မိမိတို့၏ ချစ်ခင်ရသူများနှင့် ဆက်သွယ်ကာ တန်ဖိုးရှိသော အချိန်များကို […]
TikTok အနေနှင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းအရာ ဇာတ်လမ်းများကိုဝေမျှခြင်းမှစ၍ ခွဲခြားဆက်ဆံမှုများကို ချိုးဖျက်ခြင်းနှင့် ခံနိုင်ရည်စွမ်းအားကိုမြှင့်တင်ပေးခြင်းစသဖြင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို မျှဝေကာ ယုံကြည်ရသည့် အရင်းအမြစ်များကို ရှာဖွေနိုင်အောင် ပံ့ပိုးကူညီပေးသည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။ ထို့ကြောင့် ယနေ့အချိန်တွင် ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများနှင့် TikTok ဗီဒီယိုဖန်တီးသူများ စုစည်းထားသည့် Fides ကွန်ရက်မှ တစ်ဆင့် ယုံကြည်စိတ်ချရသောအကြောင်းအရာများဖန်တီးရန်နှင့် သတင်းမှားများကို တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် ဘရာဇီးရှိ Fides ကွန်ရက်မှ ဗီဒီယိုဖန်တီးသူများသည် အထောက်အထားအခြေပြု အကြောင်းအရာများကို ဖန်တီးရိုက်ကူးပြီး အသိပညာမြှင့်တင်ရန်အတွက် TikTok နှင့် ပူးပေါင်းသွားမည်ဖြစ်ပါသည်။ စိတ်ကျန်းမာရေးအခြေအနေများကို […]
AI နည်းပညာထည့်သွင်းမယ့် ရည်ရွယ်ချက်နဲ့ Samsung က အထူးထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံးသော Galaxy Tab S10 စီးရီးကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်ရောင်းချ ပေးနေပြီဖြစ်ပါတယ်။ Galaxy Tab S10 Ultra နဲ့ Galaxy Tab S10+ ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ ထွက်ရှိလာတဲ့ အဆိုပါ စီးရီးသစ်မှာ ကျယ်ပြန့်တဲ့ မျက်နှာပြင်၊ အထူးကြည်လင်ပြတ်သားတဲ့ Dynamic AMOLED 2X တို့ပါဝင်လာပြီး S Pen အသုံးပြုနိုင်ခြင်းတို့ကြောင့် Tablet ရဲ့ ယေဘုယျလုပ်ဆောင်နိုင်စွမ်းအားဖြင့် ၁၈%၊ ဂရပ်ဖစ်စွမ်းဆောင်ရည်အားဖြင့် ၂၈% စသဖြင့် အဖက်ဖက်က တိုးမြင့်လာပါတယ်။ Image: Samsung Galaxy Tab S10 စီးရီးမှာ ထူးခြားချက်အနေနဲ့ Galaxy AI […]