ylliX - Online Advertising Network

ဟာရီကိန်းမုန်တိုင်း မီလ်တန်ရဲ့ လေတိုက်နှုန်း တစ်နာရီ ၂၅၄ မိုင် အထိရှိခဲ့တယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို Moon-နေ့စဉ်သတင်း ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေ ထားတာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘တစ်နာရီ ၂၅၄မိုင်နဲ့တိုက်ခတ်နေတဲ့ အမေရိကန် ဖလော်ရီဒါမြိုက ဟာရီကိန်းမုန်တိုင်း’ လို့ ရေးသားထားပါတယ်။ ဗီဒီယိုကလစ်ထဲမှာတော့ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားခဲ့တဲ့ မုန်းတိုင်းတိုက်ခတ်မှု၊ မြေပြိုမှု ရုပ်သံအပိုင်းအစ တွေနဲ့အတူ AI နဲ့ ဖန်တီးထားတဲ့ မုန်တိုင်းပုံရိပ်အချို့ကို ဖြတ်ညှပ်ဆက်ထားပြီး သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန် အကြောင်းကို နောက်ခံပြောနဲ့ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom […]

စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း လက်မှတ်ထိုးတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အကြမ်းဖက် စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဟေ့။ အမေရိကန် သံအမတ်ကြီး အမိန့်ဆိုးကြီး ထုတ်ပြန်’ လို့ ရေးသားထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း လက်မှတ်ထိုးတယ်ဆိုတဲ့ အကြောင်းအရာကို […]

စစ်ခေါင်းဆောင်က ဒေါ်အော်ဆန်းစုကြည်ကို လွှတ်ပေးတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Daily Burmese Vlog ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မင်းအောင်လှိုင်အမိန့်နဲ့ အမေစုလွတ်နိုင်ခဲ့ပြီ။ (၁) လအတွင်းရွေးကောက်ပွဲလုပ်ပြီး ဒေါ်စုကို အာဏာလွှဲဖို့ ဒီနေ့ပဲ ရာသက်ပန်လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီလို့ပြော’ လို့ ရေးသားထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် စစ်ခေါင်းဆောင်က ဒေါ်အော်ဆန်းစုကြည်ကို လွှတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် […]