ylliX - Online Advertising Network

Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရ –

Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဦးငါးမင်းဆွေ အား အမှုထားခြင်းဖြစ်ပြီး ယနေ့(နိုဝင်ဘာ ၉ ရက်)တွင် မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းမှ ၎င်းအား ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးငါးမင်းဆွေက ” ကျွန်တော် နှုတ်ဆက်စကားလေးပေါ့ဗျာ။ ကျွန်တော်ကို အခု ကျိုက်ထိုရဲစခန်းက စခန်းမှူး​က လာခေါ်တယ်ဗျ။ လာခေါ်ရတဲ့အကြောင်းက ရန်ကုန် လှိုင်မြို့နယ်မှာ ကျွန်တော်ကို ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ အဲ့ဒီကိစ္စနဲ့ ကျွန်တော်ကို လာခေါ်တာပေါ့ဗျာ။ ကျွန်တော်ကို ရန်ကုန် ပို့မှာပေါ့။ ၅၀၅(က)နဲ့ […]

တိုင်ဖွန်းမုန်တိုင်း“ရင်ရှင်း”(YINXING)သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ  ၁၀  ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။  ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း“ရင်ရှင်း”(YINXING)သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျားနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။   မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် […]