ylliX - Online Advertising Network

AMD က Ryzen 9000 စီးရီး Desktop Processor များအတွက် AGESA 1.2.0.2 အသစ်ကို ထုတ်ပြန်၊ Ryzen 7 9700X နှင့် 9600X တို့အတွက် cTDP ကို 105W သို့ပြောင်းလဲ

Image: AMD AMD က ဒီနေ့မှာ Ryzen 9000 ‘Granite Ridge’ desktop processor တွေအတွက် မိတ်ဆက်မှု လေးခုကို ကြေညာလိုက်ပါတယ်။ အဓိကအားဖြင့် ဒီကြေညာချက်တွေက ဒီနှစ်သြဂုတ်လအစမှာမိတ်ဆက်ထားခဲ့တဲ့ processor တွေကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေမယ့်အရာတွေဖြစ်ပါတယ်။  ပထမဆုံးအနေနဲ့, AMD က Ryzen 7 9700X နဲ့ Ryzen 5 9600X processor တွေအတွက် 105 W cTDP mode (configurable TDP) ကို မိတ်ဆက်လိုက်ပြီး warranty ကိုလည်း အပြည့်ပေးထားပါတယ်။ အဆိုပါ cTDP mode ကို AGESA ComboAM5 PI 1.2.0.2 microcode ထည့်သွင်းထားတဲ့နောက်ဆုံးထွက် […]

Mini Jeans Skirt ကို စတိုင်ကျကျဝတ်လို့ရစေမယ့် Styling Tips များ

Skip to content အကြီးဆုံး Denim ခေတ်ရေစီးကြောင်းတွေထဲမှ တစ်ခုဖြစ်တဲ့ Denim Skirt တွေက အခုဆို လူငယ်တွေကြားမှာ တစ်ခေါက်ပြန်ပြီး ခေတ်စားလာပြန်ပါပြီ။ ဒါကြောင့် ပိုစမတ်ကျပြီး မိန်းမဆန်တဲ့ Look မျိုးရဖို့အတွက် ဂျင်းစကတ်ကို ဘာနဲ့တွဲဝတ်ရမလဲဆိုတာ ရွေးရခက်နေသူတွေအတွက် Styling Tips တချို့ကို ဝေမျှလိုကိ်ပါတယ်။ Collar Bones ကိုပေါ်စေတဲ့ ဒီလို Top မျိုးလေးနဲ့ တွဲဝတ်တာကလည်း သင့်ကိုပိုဆွဲဆောင်မှုပိုစေပါတယ်။ ရာသီဥတုအေးချိန်ဆို ဒီလို လည်ပင်းမြင့်မြင့်လေးတွေနဲ့ တွဲဝတ်တာကလည်း အအေးသက်သာပြီး စတိုင်လည်းကျစေပါတယ်။ Night Out ထွက်တဲ့အခါမှာလည်း ဒီလို အမိုက်စား အင်္ကျီတစ်ထည်နဲ့တွဲပြီး စတိုင်ကျလို့ရပါသေးတယ်။ ခပ်ဟော့ဟော့ဝတ်ရတာကြိုက်ရင်တော့ ဒီလို Top လေးနဲ့ တွဲဝတ်လိုက်ပါ။ ဘယ်တော့မှမရိုးသွားတဲ့ ရိုးရိုးတီရှပ်လေးနဲ့ဘဲတွဲဝတ်ချင်ရင်တော့ အမိုက်စားနဲ့ […]

Microsoft Flight Simulator 2024 ကို Steam တွင် ကြိုတင်မှာယူနိုင်ပြီ

Microsoft Flight Simulator 2024 ဟာ ဒီနှစ်ထဲမှာလေကြောင်းဝါသနာရှင်တွေရဲ့ မျှော်လင့်‌စောင့်စားနေရတဲ့ ဂိမ်းတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။ ဒီဂိမ်းမှာ ပျံသန်းမှုဆိုင်ရာ simulation စံနှုန်းအသစ်တွေကို ပြန်လည်သတ်မှတ်ဖို့ရှိပြီး ထူးခြားတဲ့ နည်းပညာနဲ့ လုပ်ဆောင်ချက်အသစ်တွေထည့်သွင်းထားတဲ့ ဂိမ်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်မှုတွေကြောင့် ပိုမိုလှပပြီး အကောင်းဆုံးမြင်ရမှာဖြစ်သလို ဂိမ်းကိုကစားရတဲ့အပိုင်းမှာလည်း ပိုမိုနှစ်သက်ဖွယ်ကောင်းလာမှာပါ။ ဒါကြောင့် ဒါကြောင့် ဂိမ်းကစားရတာကိုနှစ်သက်သလို လေကြောင်းလောကမှာဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်လာသူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဒီဂိမ်းမှာဘာတွေထူးခြားသွားမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။ Microsoft Flight Simulator 2024 မှာကစားသူအနေနဲ့ အပြင်မှာလို လေယာဥ်ကို Pre-Flight Inspection ပြုလုပ်နိုင်သလို Career Mode တစ်ခုလည်းပါဝင်ပြီး စိတ်ကြိုက်ဇာတ်ကောင်တစ်ခုကိုဖန်တီးကာ ကမ္ဘာရဲ့ ဘယ်လေဆိပ်ကမဆို လေယာဥ်မှူးဘဝကို စတင်နိုင်မှာဖြစ်ပါတယ်။  Career Mode မှာ RPG ဂိမ်းဆန်ဆန် Skill Tree […]

United Airlines ၏ ပျံသန်းမှုခရီးစဥ်အားလုံးတွင် Starlink Internet ကို အခမဲ့ပေးအပ်လာမည်

Image via TechSpot အမေရိကန်ပြည်ထောင်စုက အထင်ကရလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ United Airlines ဟာ သူ့တို့ရဲ့လေယာဉ်တွေအားလုံးမှာ Starlink ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုတပ်ဆင်သွားဖို့ရှိကြောင်း ကြေညာလိုက်ပါတယ်။ ဒီတပ်ဆင်မှုဟာ နှစ်အနည်းကြာမြင့်ဖွယ်ရှိပြီး ပထမဆုံးစမ်းသပ်မှုကို ၂၀၂၅ခုနှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ အစီစဉ်အတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင် Starlink ဝန်ဆောင်မှုရရှိတဲ့ United Airlines ရဲ့ ပထမဆုံးခရီးစဥ်ကို နောက်နှစ်လောက်မှာ စတင်ပြေးဆွဲလာမှာပါ။ United လေကြောင်းလိုင်းကတော့ လေယာဉ် ၁,၀၀၀ ကျော်မှာ Starlink စနစ်တွေ တပ်ဆင်ဖို့ စီစဉ်ထားပြီး ဒီအတိုင်းအတာအလိုက် Starlink ဝန်ဆောင်မှုကို ပံ့ပိုးပေးမယ့် အကြီးဆုံး လေကြောင်းလိုင်းဖြစ်လာမှာပါ။ လေကြောင်းလိုင်းဘက်က အမြန်နှုန်းအတိအကျကိုတော့ ထုတ်ဖော်ထားခြင်းမရှိပေမယ့် လေယာဉ်ထိုင်ခုံနောက်မှာ တပ်ဆင်ထားတဲ့မျက်နှာပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စမတ်ဖုန်းတွေနဲ့ဖြစ်ဖြစ် Live TV ကြည့်တာ၊ စီးရီးနဲ့ရုပ်ရှင်တွေ ကြည့်တာ၊ ဂိမ်းဆော့တာ၊ လူမှုကွန်ရက်အသုံးပြုတာ၊ […]

ကိုယ့်ရဲ့ Energy ကို ဘယ်လိုမြှင့်တင်ရမလဲ ? | HapEye.net

လူတစ်ယောက်မှာ Aura လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ Energy ဆိုတာ ရှိပါတယ်။ကိုယ့်ရဲ့ Energy က နိမ့်တဲ့အခါ မကောင်းတဲ့ အတွေးတွေ၊ ဝမ်းနည်းမှုတွေ ကြောက်စိတ်တွေ ဖုံးလွှမ်းခံရတတ်ပြီးEnergy မြင့်တဲ့အခါ သတ္တိတွေ၊ စိတ်အားတက်ကြွမှုတွေ၊ ပျော်ရွင်မှုတွေ ဖုံးလွှမ်းပါတယ်။အခုလို ကာလမှာ ကိုယ့်ရဲ့ စွမ်းအင်ဟာ အရမ်းအရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်ဟာ မကောင်းတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီဆို ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ စွမ်းအင်တွေကို ပိုပြီး Attract လုပ်တတ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ပတ်ဝန်းကျင်က သူတွေကို Negative Energy တွေ စပြီး ပေးပါတော့တယ်။ဒါ့ကြောင့် အောက်က ဇယားလေးအတိုင်း ကိုယ့်ရဲ့ စွမ်းအင်တွေကို Positive Energy အဖြစ် ပြောင်းလဲကြည့်ပါ။ Meditationပထမဆုံးကတော့ တရားထိုင်ခြင်းပါ။ ဝင်လေထွက်လေကို ရှူရှိုက်ပြီး […]

AMD အနေဖြင့် Flagship Gaming GPU များကို ဦးစားပေးမည်မဟုတ်ဘဲ အခြားနည်းလမ်းများဖြင့်သာ Nvidia ကို ယှဥ်ပြိုင်မည်ဟုဆို

Image via OC3D IFA 2024 ရဲ့ အမေးအဖြေကဏ္ဍမှာ Tom’s Hardware ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Paul Alcorn က AMD ရဲ့ Senior Vice President ဖြစ်တဲ့ Jack Huynh နဲ့ ပြောဆိုဖို့ အခွင့်အရေးရခဲ့ပါတယ်။ AMD အနေနဲ့သူတို့ရဲ့ မျိုးဆက်သစ် GPU တွေအတွက် flagship မော်ဒယ်တွေ မထုတ်လုပ်တော့ဘူးလို့ သတင်းတွေထွက်နေတဲ့အတွက် RDNA 4 နည်းပညာနဲ့ Radeon RX 8000-series high-end GPU ဈေးကွက်အတွက် ကုမ္ပဏီရဲ့အစီအစဉ်တွေကို Huynh ကို တိုက်ရိုက်မေးမြန်းရခြင်းဖြစ်ပါတယ်။ အရင်ကတည်းက AMD ရဲ့ Radeon RX 8000-series မှာ high-end […]

ကိုယ့်ရဲ့ Dark Side ကို လက်ခံပေးပါ | HapEye.net

လူ့ဘဝဆိုတာ ကိုယ့်ရင်ထဲက ချစ်ချင်းတရားကို ခံစားမိဖို့ ပြန်လည်သင်ယူရတဲ့ ခရီးရှည်တစ်ခုပဲ။ ကလေးဘဝက ရင်ထဲမှာ ချစ်ခြင်းတရားနဲ့ မွေးဖွားလာတယ်။ ကြီးပြင်လာရင်း ကြုံတွေ့ရတဲ့ လောကဓံတွေ၊ အဖြစ်အပျက်အလွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေဟာ ကောင်းကင်ပြာကို ဖုံးအုပ်သွားတဲ့ တိမ်စိုင်တိမ်မည်းတွေလိုပဲ ရင်ထဲက ချစ်ခြင်းတရားကို ဖုံးလွှမ်းသွားတယ်။ ကိုယ့်ရင်ထဲက ချစ်ချင်းတရားကို ပြန်ရှာဖွေဖို့ ကိုယ့်ရဲ့ Dark Side လို့ခေါ်တဲ့ အတိတ်ကအဖြစ်အပျက်အလွဲတွေကြောင့် ဖြစ်လာတဲ့ နာကျင်ရတဲ့ ခံစားချက်တွေကို လက်ခံပေးနိုင်ဖို့ လိုပါတယ်။ ဒါတွေကို လက်ခံပေးနိုင်မှပဲ လွှတ်ချနိုင်မှာပါ။ တိမ်စိုင်တိမ်မည်းတွေနဲ့တူတဲ့ ခံစားချက်အဟောင်းတွေကို လွှတ်ချနိုင်မှပဲ ကောင်းကင်ပြာနဲ့တူတဲ့ ရင်ထဲက ချစ်ချင်းတရားကို ပြန်ပြီးခံစားမိမှာပါ။ ဒေါက်တာ ပြည့်စုံကိုကို (အေးချမ်းပါရစေ) (နေ့စဥ်ဘဝ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ စိတ်ထားတတ်ဖို့ ဆောင်းပါးများ) မှထုတ်နုတ်တင်ပြပါသည်။ OpenMoreOnline […]

AMD Ryzen CPU များ၏ ဂိမ်းစွမ်းဆောင်ရည် တိုးတက်လာစေမည့် Windows Update ကို Windows 11 23H2 တွင် ရယူနိုင်ပြီ

Image: AMD Windows 11 ရဲ့ 24H2 update ထွက်ဖို့ကို စောင့်နေတဲ့သူတွေအတွက် Zen 3၊ Zen 4 နဲ့ Zen 5 CPU တွေမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တိုးတက်မှုတွေကို ရှာဖွေခွင့် ရရှိနေပြီဆိုတဲ့ သတင်းကို ပြောပြချင်ပါတယ်။ AMD က Tom’s Hardware ကိုထုတ်ပြန်တဲ့ သတင်းအရ အဆိုပါတိုးတက်မှုတွေကို ရရှိစေမယ့် branch prediction optimizations တွေကို Windows 11 23H2 ထဲမှာ KB5041587 အမည်နဲ့ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။ KB5041587 update ကိုတင်ချင်တယ်ဆိုရင်တော့ Windows Update > Advanced options > Optional updates ထဲမှာ ရှာဖွေသွင်းယူနိုင်ပါတယ်။ […]

The Callisto Protocol ကို အခမဲ့ရယူပါ

Image: Krafton မိတ်ဆွေတို့ရေ Epic Games ရဲ့ ဒီအပတ်အတွက် အခမဲ့ရယူခွင့်ပေးထားတဲ့ ဂိမ်း‌တွေကတော့ ၂၀၂၂ခုနှစ်ကထွက်ရှိထားပြီး နာမည်ကျော် Horror နဲ့ Shooter ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ The Callisto Protocol ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ပုံမှန်အချိန်မှာဆိုရင် $60 တန်ကြေးရှိပါတယ်။ ဒါ့အပြင် Epic Games ဟာ Action ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ Gigantic: Rampage Edition ကိုလည်းရယူခွင့်ပေးထားပါတယ်။ ဒီဂိမ်းတွေကို သြဂုတ်လ ၂၉ရက်အထိ အခမဲ့ရယူခွင့်ပေးထားပြီး Epic Games Store မှာ အကောင့်ပြုလုပ်ကာ အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။epic.gm/free-games The Callisto Protocol’s System RequirementsMinimum:OS: Windows 10/11 64-bitProcessor: Intel® Core™ i5-8400 or […]

NVIDIA မှ MediaTek ပူးပေါင်း၍ သီးခြား G-SYNC module မလိုအပ်သည့် G-SYNC Pulsar ကို မိတ်ဆက်

Image: NVIDIA Gamescom 2024 ပွဲမှာ NVIDIA ဟာ motion clarity ၄ဆတိုးတက်စေပြီး ချောမွေ့ညက်ညောတဲ့ variable refresh rate (VRR) ဂိမ်းအတွေ့အကြုံကိုရရှိစေမယ့် G-SYNC Pulsar ဆိုတဲ့ နည်းပညာကိုမိတ်ဆက်လိုက်ပါတယ်။ G-SYNC Pulsar မှာ NVIDIA အနေနဲ့ G-SYNC ကို MediaTek ရဲ့ scalers မှာပေါင်းစပ်ပေးထားတာကြောင့် သီးခြား G-SYNC module မလိုအပ်တော့ပဲ စျေးနှုန်းပိုမိုသက်သာတဲ့ G-SYNC monitor တွေပေါ်ထွက်လာမှာပါ။ Image: NVIDIA MediaTek ရဲ့ G-Sync scalers ပါဝင်တဲ့ monitor တွေကတော့  AOC AGON PRO AG276QSG2 Acer Predator XB273U […]