ylliX - Online Advertising Network
NVIDIA မှ MediaTek ပူးပေါင်း၍ သီးခြား G-SYNC module မလိုအပ်သည့် G-SYNC Pulsar ကို မိတ်ဆက်

NVIDIA မှ MediaTek ပူးပေါင်း၍ သီးခြား G-SYNC module မလိုအပ်သည့် G-SYNC Pulsar ကို မိတ်ဆက်


Image: NVIDIA

Gamescom 2024 ပွဲမှာ NVIDIA ဟာ motion clarity ၄ဆတိုးတက်စေပြီး ချောမွေ့ညက်ညောတဲ့ variable refresh rate (VRR) ဂိမ်းအတွေ့အကြုံကိုရရှိစေမယ့် G-SYNC Pulsar ဆိုတဲ့ နည်းပညာကိုမိတ်ဆက်လိုက်ပါတယ်။ G-SYNC Pulsar မှာ NVIDIA အနေနဲ့ G-SYNC ကို MediaTek ရဲ့ scalers မှာပေါင်းစပ်ပေးထားတာကြောင့် သီးခြား G-SYNC module မလိုအပ်တော့ပဲ စျေးနှုန်းပိုမိုသက်သာတဲ့ G-SYNC monitor တွေပေါ်ထွက်လာမှာပါ။

Image: NVIDIA

MediaTek ရဲ့ G-Sync scalers ပါဝင်တဲ့ monitor တွေကတော့ 

  • AOC AGON PRO AG276QSG2
  • Acer Predator XB273U F5
  • ASUS ROG Swift 360Hz PG27AQNR တို့ဖြစ်ပါတယ်။ 
Image: NVIDIA

အဆိုပါ monitor တွေမှာ 2560×1440 resolution၊ 360Hz refresh rate နဲ့ HDR အထောက်အပံ့တွေပါဝင်မှာဖြစ်ပြီး NVIDIA အနေနဲ့ လာမယ့်နှစ်တွေမှာ ဒီနည်းပညာအသုံးပြုထားတဲ့ monitor တွေပိုမိုထွက်ရှိလာအောင်စီစဥ်နေတယ်လို့ဆိုပါတယ်။

Source: NVIDIA





Source link

Leave a Reply

Your email address will not be published. Required fields are marked *