လပေါင်းများစွာ Beta အဆင့်စမ်းသပ်မှုတွေအပြီးမှာ Nvidia ဟာ သူတို့ရဲ့ NVIDIA App ကို တရားဝင်ဖြန့်ချီလိုက်ပြီလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Nvidia က သူတို့ရဲ့ဝက်ဘ်ဆိုဒ်ပေါ်မှာ ကြေညာခဲ့ပြီး NVIDIA App ကို Nvidia Control Panel နဲ့ GeForce Experience app ကိုပေါင်းစပ်ကာ တစ်ခုတည်းသော app အဖြစ် အစားထိုးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ဒီအသစ်ထွက်ရှိလာတဲ့ NVIDIA App က beta အဆင့်ကိုဖြတ်ကျော်သွားပြီဆိုပေမယ့် Nvidia အနေနဲ့ ယခင် Windows app တွေကို ချက်ချင်းဖယ်ရှားတာမျိုးမလုပ်သေးပါဘူး။ NVIDIA App ကို နောင်ထွက်ရှိလာမယ့် Game Ready နဲ့ Studio Ready driver တွေမှာ optional အဖြစ်ပါဝင်နေဦးမှာပါ။ ဘာကြောင့်လဲဆိုရင် ယခင် Control Panel မှာပါဝင်တဲ့ Surround၊ Multiple Display Mode နဲ့ အခြားအရာတွေလို အသုံးဝင်တဲ့ function အချို့ဟာ အခု app versionမှာ မပါဝင်လာသေးတာကြောင့် အသစ်ထွက်လာမယ့် update တွေမှာ ထပ်မံထည့်သွင်းပေးသွားမယ်လို့ Nvidia က သူတို့ရဲ့ blog post မှာ ဖော်ပြခဲ့ပါတယ်။
Nvidia App ကို သင့်ရဲ့ graphics card၊ drivers တွေ၊ settingတွေနဲ့ gaming feature တွေကို တစ်နေရာတည်းကနေ ကို စီမံခန့်ခွဲဖို့ဖန်တီးထားတာဖြစ်ပါတယ်။ သင့်အနေနဲ့ ဂိမ်းတစ်ခုခြင်းစီအလိုက် settingတွေကို ပြောင်းလဲတာ၊ driver update လုပ်တာ၊ display settings ပြင်ဆင်တာ၊ စွမ်းဆောင်ရည်အကောင်းဆုံးအလုပ်လုပ်စေမယ့် settings တွေကို ပြင်ဆင်တာ၊ ပုံစံအသစ်နဲ့ in-game overlay ကိုအသုံးပြုတာ၊ စွမ်းဆောင်ရည်ကို စောင့်ကြည့်တာအပြင် သင့်တော်တဲ့ hardware တွေအသုံးပြုထားမယ်ဆိုရင် AI စွမ်းရည်ပါဝင်တဲ့ Nvidia ရဲ့ feature တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Nvidia App မှာ GeForce Experience app တုန်းကလို Nvidia account နဲ့ login ဝင်စရာ မလိုတော့တာလည်း အများသူငှာအတွက် အထူးကျေနပ်စရာလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အကောင့် login ဝင်ထားခြင်းကလည်း Nvidia ကပေးအပ်တဲ့ special offer နဲ့ reward တွေကို ရယူနိုင်တဲ့ အခွင့်အရေးကိုရရှိစေမှာဖြစ်ပါတယ်။ ဒီ app ရဲ့ feature အသေးစိတ်တွေကို သိချင်ရင် Nvidia ရဲ့ post မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Nvidia App ကို သင့် PC အတွက် Nvidia ရဲ့ official website ကနေ download ရယူနိုင်ပါတယ်။ အသုံးပြုဖို့အတွက် သင့် PC မှာ GTX 800 / 800M / 900 / 900M / 10 / 16 Seriesတွေ၊ RTX 20 / 30 / 40 Series ဒါမှမဟုတ် MX 100 / 200 / 300 graphics card တစ်ခုခု ထည့်သွင်းထားဖို့လိုအပ်ပြီး Windows 10 နဲ့ 11 မှာအသုံးပြုနိုင်ပါတယ်။ Driver လိုအပ်ချက်အနေနဲ့ version 551.52 နဲ့အထက်ရှိတဲ့ driver version သွင်းထားဖို့လိုအပ်ပါတယ်။
Source: NVIDIA and Neowin