ylliX - Online Advertising Network
Loading

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်မြန်မာမှရဲထွန်း‌နောင် ပထမ(ရွှေတံဆိပ်) ဆွတ်ခူးရရှိ


Loading

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်မြန်မာမှရဲထွန်း‌နောင် ပထမ(ရွှေတံဆိပ်) ဆွတ်ခူးရရှိ

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ရက်

မော်ဒိုက်နိုင်ငံ ၊ Addu City Canareey Resortမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၁ရက်အထိ ကျင်းပ‌‌နေသော (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား (15th World Bodybuilding Physique Sport Championships )ပြိုင်ပွဲကို နို၀င်ဘာ ၉ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင် ပထမ‌(ရွှေတံဆိပ်)ဆုရရှိခဲ့‌သည်။

အဆိုပါပြိုင်ပွဲတွင် ၇၅ ကီလိုတန်းမှ နိုင်ငံ‌ပေါင်း (၆)နိုင်ငံ ၀င်‌ရောက်ယှဉ်ပြိုင်ခဲ့ရာမြန်မာနိုင်ငံ မှ ရဲထွန်း‌နောင်က ပထမ(ရွှေတံဆိပ်) ၊ ဗီယက်နမ်နိုင်ငံ မှ ဒုတိယ(ငွေတံဆိပ်) နှင့် အိန္ဒိယနိုင်ငံမှ တတိယ(ကြေးတံဆိပ်)ဆုတို့ ရရှိခဲ့သည်။

ရဲထွန်း‌နောင်သည် ၇၅ ကီလိုတန်းတွင် ပထမဆုရရှိသည့်အတွက် နို၀င်ဘာ ၁၁ ရက်‌နေ့တွင် Over Oll Championship ပြိုင်ပွဲသို့ဆက်လက်၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်နိုင်ငံ‌ပေါင်း ၄၁နိုင်ငံမှ အားကစားသမား ၃၀၀ ခန့် ပါ၀င်ပြီး ပြိုင်ပွဲအမျိုးအစား ၅၀တန်းကျင်းပခဲ့ကာ မြန်မာနိုင်ငံမှ ၇၅ကီလိုတန်း တစ်တန်းကိုသာ၀င်ရောက်ယှဥ်ပြိုင်ခဲ့‌ကြောင်းသိရှိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *