လက်ရှိမှာ မက္ကဆီကိုနိုင်ငံက အိမ်ရှင်အနေနဲ့ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးမှာ Panama ကိုယ်စားပြုအလှမယ် Italy Mora က စည်းကမ်းလိုက်နာမှုမရှိတဲ့အတွက် Miss Universe Organization က ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ပါတယ်။
စိတ်မကောင်းဖွယ်ရာသတင်းတစ်ခုကတော့ Panama အလှမယ် Italy Mora က IG မှာ ပြောဆိုနေကြတာတော့ Dominican Republic အလှမယ်ကို အရင်ဆုံး ကိုယ်ထိလက်ရောက်ကျူးလွန်တာလို့ ပြောဆိုနေကြသလို နေထိုင်ရာ Hotel ကနေ ခွင့်ပြုချက်မရဘဲ စည်းကမ်းမရှိထွက်လို့ဆိုပြီးလည်းပြောဆိုနေကြပါတယ်။ အလှမယ်ပြိုင်ပွဲမှာ Miss Universe က ပြိုင်ပွဲဝင်အချင်းချင်း Diversity ကို လေးစားရမယ်ဆိုပြီး ပြောဆိုထားပါတယ်။
Miss Universe 2024 ပြိုင်ပွဲကနေ Panama ကိုယ်စားလှယ်လောင်း နုတ်ထွက်ကြောင်း ကြေညာလို က်ရတဲ့အတွက် စိတ်မကောင်း ပါဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဆိုပါပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က စေ့စေ့စပ်စပ် အကဲဖြတ်ပြီးနောက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ လည်း သိရပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် Miss Universe Myanmar သက်စံအန်ဒါဆန်ကတော့ မက္ကဆီကိုနိုင်ငံမှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးမှာ ဆက်လက်ပါဝင်ယဉ်ပြိုင်နေလျှက်ရှိပါတယ်။