ylliX - Online Advertising Network
အိပ်ရာပေါ်မှာ နှစ်ပါးသွားက ဒါတွေရှောင်

အိပ်ရာပေါ်မှာ နှစ်ပါးသွားက ဒါတွေရှောင်



လိင်မှုကိစ္စနဲ့ ပတ်သတ်လာရင် လိုက်နာရမယ့် သီးသန့် စည်းမျဉ်းတွေရယ်လို့ မရှိပေမယ့် ကွီးတို့ အိပ်ရာပေါ်မှာ ရှောင်ကိုရှောင်ရမယ့် အမှားတွေတော့ ရှိနေပါတယ်။ လိင်မှုဆိုင်ရာ အမှားတွေဟာ ထပ်ခါထပ်ခါ ဖြစ်လာပြီဆိုရင်တော့ သင်နဲ့ သင့်ပါတနာကြားက  ဆက်ဆံရေးကို အနည်းနဲ့အများ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အိပ်ရာပေါ် မှာ ကွီးတို့ မှားတက်တဲ့ အမှားတွေကို သတိပြုဆင်ခြင်နိုင်ဖို့ ပြောပြပေးချင်ပါတယ်။

(၁) ပွင့်လင်းမှု မရှိခြင်း

loving couple hiding under blanket in bed

Photo : CreateVista

တစ်ယောက်နဲ့တစ်ယောက် လိုအင်ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုမှု မရှိဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု ရှိမှာမဟုတ်သလို တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ယောက်ရဲ့ လိုအင်ကို တစ်ယောက်က သိထားမှသာ ပိုမိုကောင်းမွန်တဲ့ ခံစားမှုနဲ့ ရင်ခုန်စရာအချိန်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာပေါ် မှာ တစ်ဦးနဲ့တစ်ဦးကြားက လိုအင်ဆန္ဒတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဆွေးနွေး သင့်ပါတယ်။

(၂) စိုးရိမ်စိတ်များခြင်း

Beautiful young couple in love looking at each other while lying together on bed

Photo : CreateVista

အိပ်ရာပေါ် မှာ ယောက်ျားလေး တော်တော်များများ လုပ်မိတက်တဲ့ လိင်မှုဆိုင်ရာ အမှားတွေက တစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ်နဲ့ သံသယစိတ်နဲ့ အတွေးများတာပါ။ ဥပမာအားဖြင့် ကိုယ်က ကိုယ့်ပါတနာအတွက် ကျေနပ်စေတဲ့ စွမ်းဆောင်ရည်မျိုး ပေးနိုင်ပါ့မလား ၊ ဖွားဘက်တော်ရဲ့ ဆိုဒ်က သေးနေလား ၊ အချိန်ခဏလေးအတွင်းမှာ ပြီးသွားမလား စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် အတွေးများတက် ကြပါတယ်။ တကယ်တော့ နှစ်ဦးသားအတွက် လုံလောက်တဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝရနိုင်ဖို့ဆိုရင် အတွေးတွေကို ဘေးဖယ်ထားသင့်သလို လက်ရှိအခိုက်အတန့်ကိုပဲ အာရုံစိုက်ထားပြီး အကောင်းဆုံး ခရီးနှင်ဖို့ကိုပဲ စိတ်ထဲထား သင့်ပါတယ်။

(၃) အလောတကြီး လုပ်ဆောင်ခြင်း


Photo : CreateVista

လိင်မှုကိစ္စဆိုတာ စိတ်ခံစားမှု အပေါ် များစွာမူတည်တဲ့အတွက် အပေးအယူ မျှမျှတတ ခရီးရောက်နိုင်ဖို့ လုံလောက်တဲ့ အစပျိုးမှု အချိန်တစ်ခု လိုအပ်ပါတယ်။ ဒီအတွက်ကြောင့် အိပ်ရာပေါ်မှာ နှစ်ဦးသား ပွေ့ဖက်တာ ၊ နမ်းတာ ၊ ညင်သာတီးတိုးတဲ့ ချစ်စကားလေးတွေ ပြောပေးတာ စသည်ဖြင့် ကိုယ့်ပါတနာရဲ့ စိတ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်ဖို့ လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခု ယူသင့်ပါတယ်။ အလောတကြီး လုပ်ဆောင်တာ လုံးဝမကောင်းပါဘူးနော်။

Source : Men’s Health

Featured Photo : CreateVista

The post အိပ်ရာပေါ်မှာ နှစ်ပါးသွားကတဲ့အခါ ကွီးတို့ ဒါတွေရှောင်နော် appeared first on Kwee.



Source link

Leave a Reply

Your email address will not be published. Required fields are marked *