ylliX - Online Advertising Network
သတင်းထုတ်ပြန်ချက် - MSI နှင့် Blizzard Entertainment® တို့သည်  Diablo® IV - Vessel of Hatred™ expansion အတွက် စိတ်လှုပ်ရှားစရာ ပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့ပါသည်

သတင်းထုတ်ပြန်ချက် – MSI နှင့် Blizzard Entertainment® တို့သည် Diablo® IV – Vessel of Hatred™ expansion အတွက် စိတ်လှုပ်ရှားစရာ ပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့ပါသည်


MSI နှင့် Blizzard Entertainment® တို့သည်  Diablo® IV – Vessel of Hatred™ expansion အတွက် စိတ်လှုပ်ရှားစရာပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့ပါသည်

MSI သည် Diablo® IV: Vessel of Hatred၏ တရားဝင်မိတ်ဖက်တစ်ဦးဖြစ်ပြီး   သတ်မှတ်ထားသည့် MSI ထုတ်ကုန်များဖြင့် ဂိမ်းကိုရယူနိုင်ပါသည်


MSI သည် Blizzard Entertainment® နှင့် Diablo® IV တို့၏ အသစ်ထွက် expansion တစ်ခုဖြစ်ငသည့် Vessel of Hatred™ အတွက် ပူးပေါင်းဆောင်ရွက်မှုကို ဝမ်းမြောက်စွာကြေညာလိုက်ပါသည်။ သတ်မှတ်ထားသည့် MSI ထုတ်ကုန်များကို ဝယ်ယူသူများသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း Blizzard ၏ Diablo IV ဂိမ်းနှင့် Vessel of Hatred Expansion ကိုရယူနိုင်ပါသည်။

Diablo IV ၏ အပိုင်းသစ်သို့ စိတ်လှုပ်ရှားဖွယ်ခရီးတစ်ခုစတင်ပြီး MSI ၏ နောက်ဆုံးပေါ်ဂိမ်းအသားပေးထုတ်ကုန်များဖြင့် expansion အသစ်၏ လှုပ်ရှားဖွယ်အင်္ဂါရပ်များစွာကို အပြည့်အဝခံစားကြည့်လိုက်ပါ။ စွန့်စားခန်းဖွင့်လိုသူများသည် ယခုအခါတွင် စွယ်စုံရ class အသစ် Spiritborn ဖြင့် Neryelle ကိုရှာဖွေရန် Nahantu ဒေသသို့ ခရီးထွက်ကာ  နှင့် Mephisto ၏ ရက်စက်သောအကြံအစည်ကို ရှာဖွေဖော်ထုတ်ရန် ခရီးတွင်လိုက်ပါမည့် ကြေးစားအသစ်များကို စုဆောင်းနိုင်ပါသည်။

MSI gaming laptops များဖြင့် Diablo IV: Vessel of Hatred ကို ခံစားကြည့်လိုက်ပါ။

Stealth 16 AI Studio A1V

*၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ Qualified processor (Intel® Core™ Ultra processors / Intel® Core™ HX-series processors (14th gen) / AMD Ryzen™ AI 300 Series Processors) နှင့် NVIDIA® GeForce RTX™ 4070 Laptop GPU (သို့မဟုတ်) ၎င်းနှင့် အထက် ပါဝင်သည့် MSI gaming laptop ကို ဝယ်ယူပါက Diablo IV: Vessel of Hatred base game နှင့် expansion ကို ရယူနိုင်ပါသည်။

*အသေးစိတ်အချက်အလက်များအတွက် Diablo IV: Vessel of Hatred x MSI promotion စာမျက်နှာကို ကြည့်ရှုနိုင်ပါသည်။
https://ph.msi.com/Promotion/MM_2024-Diablo-IV-VOH-NB-bundle

MSI: https://www.msi.com
MSI Facebook (Gaming):
https://www.facebook.com/MSIGamingMyanmar
MSI Facebook (B&P):
https://www.facebook.com/MSIMyanmar/
MSI Instagram:
https://www.instagram.com/msi_myanmar/
MSI YouTube: https://www.youtube.com/user/MSIGamingGlobal

https://www.msi.com/rss တွင် subscription လုပ်ခြင်းအားဖြင့် MSI ၏ နောက်ဆုံးရသတင်းများနှင့် ထုတ်ကုန်အချက်အလက်များကို သိရှိနိုင်ပါသည်။

MSI အကြောင်း

MSI သည် AI PC, gaming, content creation, business & productivity နှင့် AIoT solution များတွင် 

ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ MSI သည် နောက်ဆုံးပေါ် သုတေသနနှင့်ဖွံ့ဖြိုးမှုစွမ်းရည်များနှင့် သုံးစွဲသူအသားပေးဆန်းသစ်မှုများအပေါ် အခြေခံကာ တည်ဆောက်ထားပြီး နိုင်ငံပေါင်း ၁၂၀ ကျော်တွင် လွှမ်းချုံထားပါသည်။ ၎င်း၏ ပြီးပြည့်စုံသော laptop များ၊ graphics card များ၊ monitor များ၊ motherboard များ၊ desktop များ၊ peripherals၊ server များ၊ IPC များ၊ self-driving mobile robot များ၊ မော်တော်ယာဉ် infotainment and telematics စနစ်များနှင့် EV charger များအစရှိသော များပြားလှသည့်ထုတ်ကုန်များဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားလျက်ရှိသည်။ MSI သည် ထုတ်ကုန်အရည်အသွေး အကောင်းဆုံးဖြင့်အသုံးပြုသူများအတွက် အတွေ့အကြုံကို မြှင့်တင်ရန်၊ အဆင်ပြေမှု၊ နှစ်သက်ဖွယ်ဒီဇိုင်းများကို ပေးဆောင်နေပြီး နောင်လာမည့်နည်းပညာအတွက် လမ်းပြနေသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ထုတ်ကုန်အကြောင်း အသေးစိတ်ကို https://www.msi.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Diablo အကြောင်း

Blizzard Entertainment ၏ ထင်ရှားသည့် Diablo universe သည် ၁၉၉၇ ခုနှစ်တွင် video game လောကအား အပြောင်းအလဲဖြစ်စေခဲ့ပြီး, action-RPG ဂိမ်းအမျိုးအစားကို သတ်မှတ်နိုင်ခဲ့ကာ ထူးခြားနက်နဲလှသောအမှောင်ကမ္ဘာဖြင့် ကစားသူများအား စွဲဆောင်စေခဲ့ပါသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များတွင် Diablo သည် ကမ္ဘာအနှံ့ရှိ PC၊ console နှင့် mobile တွင် ကစားသူများအတွက် အလွန်ခက်ခဲကြမ်းတမ်းလှသည့် ကစားဟန်ကိုပေးအပ်ခဲ့ပါသည်။ Diablo စီးရီးတွင် နောက်ဆုံးထွက်ရှိလာသော Diablo® IV သည် Windows® PC၊ Xbox Series X|S၊ Xbox One၊ PlayStation®5၊PlayStation®4 နှင့် Steam များအကြား cross-platform ကစားနိုင်စွမ်း နှင့် progression အင်္ဂါရပ်များ ပါဝင်ပါသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် ထွက်ရှိလာသည့် Diablo IV: Vessel of Hatred သည် Diablo IV game ၏ expansion အသစ်ဖြစ်ပြီး Nahantu ဒေသနှင့် Spiritborn class ကိုမိတ်ဆက်ထားပါသည်။ ကစားသူများသည် Prime Evil Mephisto ၏ အကျင့်ပျက်ချစားမှုကို အဆုံးသတ်ရန် Neyrelle နှင့် စွန့်စားခန်းထွက်ရမည်ဖြစ်ပါသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *