အဆိုပါ ဓါတ်ပုံထဲမှာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ်ံနဲ့ အခြားသူ တစ်ဦးဟာ ပေါင်လောက်နေနှစ်မြုပ်နေတဲ့ ကားလမ်းပေါ်မှာ အသက်ကယ်ဝတ်စုံတွေ ဝတ်ဆင်ကာ သွားလာနေတဲ့ ဓါတ်ပုံကို သုံးထားပါတယ်။ ဓါတ်ပုံထဲမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ရေကြီးနေပြီး ၎င်းတို့ရဲ့ အနောက်မှာ ကားတွေလည်း တစ်ဝက်ခန့် နစ်မြုပ်နေပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
မူရင်းဖော်ပြမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ ဓါတ်ပုံကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖော်ပြထားကြပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ်ံနဲ့ အခြားသူ တစ်ဦးဟာ ပေါင်လောက်နေနှစ်မြုပ်နေတဲ့ ကားလမ်းပေါ်မှာ အသက်ကယ်ဝတ်စုံတွေ ဝတ်ဆင်ကာ သွားလာနေတဲ့ ဓါတ်ပုံBoom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဓါတ်ပုံအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီဓါတ်ပုံဟာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံဖြစ်ပြီး ထရမ့်က ဟာရီကိန်း မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအပေါ် ကယ်ဆယ်ရေးအတွက် အသက်ကယ် ဝတ်စုံဝတ်ပြီး သွားလာနေတဲ့ ဖြစ်စဉ်ဟာ မရှိခဲ့သလို အထောက်အထားလည်း မရှိပါဘူး။
နိုင်ငံတကာက Fact Check အဖွဲ့တွေကလည်း ဒီအကြောင်းအရာဟာ သတင်းအတုဖြစ်ကြောင်း AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံဖြစ်ကြောင်း အချက်အလက် စစ်ဆေးအတည်ပြုထားပါတယ်။ ၎င်းတို့ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။
ဒီသတင်းအမှားဟာ အမေရိကန်မှာ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ထရမ့်အပေါ် အာရုံစူးစိုက်မှုများအောင် ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။