ylliX - Online Advertising Network
Loading

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိ


Loading

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိ

ရန်ကုန် ၊အောက်တိုဘာ ၂၇ရက်။

၂၀၂၄ခုနှစ်၊အောက်တိုဘာလ ၂၄ရက်မှ နိုဝင်ဘာလ ၃ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ် ၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup ) နှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိရရှိထား‌ကြောင်းသိရှိရသည်။

အောက်တိုဘာ၂၅ ရက်နေ့၊ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ အမျိုးသားရှစ်တက်‌လှော် မီတာ၂၀၀၀ ဗိုလ်လုပွဲတွင် အသင်း ၁၂ သင်း ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းကပထမ(ရွှေ)တံဆိပ်ဆု၊ ထိုင်းအသင်းကဒုတိယ(ငွေ)တံဆိပ်ဆုနှင့် တရုတ်အသင်းတို့က တတိယ(ကြေး)တံဆိပ်ဆုရရှိခဲ့သည်။

အောက်တိုဘာ၂၆ ရက်နေ့၊ အမျိုးသား ရှစ်တက်‌လှော် (မီတာ၂၀၀)တွင် မြန်မာ‌အသင်းက ပထမ(ရွှေ)၊ တရုတ်အသင်းက ဒုတိယ(ငွေ) နှင့် ရုရှားအသင်းကတတိယ(ကြေး)တံဆိပ်ဆုတို့ကိုလည်းကောင်း ၊ အမျိုးသား+အမျိုးသမီး မီတာ ရှစ်တက်‌လှော် (မီတာ၅၀၀)တွင် မြန်မာအသင်းက‌ ပထမ(ရွှေ)၊ တရုတ်အသင်းက ဒုတိယ(ငွေ) နှင့် ရုရှားအသင်းကတတိယ(ကြေး)တံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား+အမျိုးသမီး (မီတာ၂၀၀၀)တွင် တရုတ်အသင်းက ပထမ‌(ရွှေ) ၊ မြန်မာအသင်းကဒုတိယ(ငွေ)နှင့် ရုရှားအသင်းကတတိယ(ကြေး)တံဆိပ်ဆုတို့ကိုအသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

အောက်တိုဘာ၂၇ရက်နေ့၊ မီတာ၂၀၀ အမျိုးသား (၁၀)တက်လှော်တွင် အင်ဒိုနီးရှားအသင်းက ပထမ(ရွှေ)၊ မြန်မာအသင်းက ဒုတိယ(ငွေ)နှင့် ထိုင်းအသင်းက တတိယ(ကြေး)ဖြင့်လည်းကောင်း၊ မီတာ ၅၀၀ အမျိုးသား+အမျိုးသမီး (၁၀) တက်လှော်တွင် မြန်မာအသင်းက ပထမ(ရွှေ)၊ ထိုင်းအသင်းက ဒုတိယ(ငွေ)နှင့် အင်ဒိုနီးရှားအသင်းက တတိယ (ကြေး )ဖြင့်လည်းကောင်း၊ မီတာ ၂၀၀၀ အမျိုးသား ( ၁၀) တက်လှော်တွင် မြန်မာအသင်း ကပထမ‌(ရွှေ)၊ ဟောင်ကောင်အသင်းကဒုတိယ(ငွေ)နှင့် ရုရှားအသင်းကတတိယ(ကြေး)ဖြင့်လည်းကောင်း ၊ မီတာ၂၀၀၀ အမျိုးသား+အမျိုးသမီး (၁၀)တက်လှော်ပြိုင်ပွဲတွင် စတုတ္ထအဆင့်ဆွတ်ခူးရရှိခဲ့သည်။

မြန်မာ‌လှေလှော်အဖွဲ့သည် ပြိုင်ပွဲရှစ်မျိုး၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခုနှင့်စတုတ္ထအဆင့်တို့ ဖြင့်စုစုပေါင်း ဆုတံဆိပ်ရှစ်ခုရရှိခဲ့ရာ အဆိုပါပြိုင်ပွဲသို့ အိမ်ရှင်တရုတ်အသင်းများ၊ ဥရောပအသင်းများ ၊ အာရှအသင်းများနှင့် အာဆီယံနိုင်ငံများ မှ အသင်းပေါင်း (၁၈)သင်း ပါဝင်ယှဉ်ပြိုင်ပြီး ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup )သို့ဆက်လက်၀င်ရောက်ယှဉ်ပြိုင်ရန်‌ အောက်တိုဘာ၂၇ရက်ကထွက်ခွာသွားကြောင်းသိရှိရသည်။

အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည့် အားကစားအဖွဲ့တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူး၊ နည်းပြ၊အားကစားသမား အမျိုးသား၊အမျိုးသမီး ၂၀ဦး၊ စုစုပေါင်း ၂၃ဦး ယှဉ်ပြိုင်လျက်ရှိကြောင်းသိရှိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *