ylliX - Online Advertising Network
မြောက်ကိုရီးယားနှင့်စစ်ရေးအပြန်အလှန်ကူညီရေးသဘောတူညီချက်အားရုရှားအတည်ပြု

မြောက်ကိုရီးယားနှင့်စစ်ရေးအပြန်အလှန်ကူညီရေးသဘောတူညီချက်အားရုရှားအတည်ပြု


#World_News
Published 25 October 2024

▪️ ရုရှားလွှတ်တော်အမတ်များဟာ မြောက်ကိုရီးယားနဲ့ အပြန်အလှန် စစ်ရေးကူညီမှုပြုရန် သဘောတူညီချက်ကို ကြာသပတေးနေ့က အတည်ပြုလိုက်ပါတယ်။

 

▪️ ဒီမတိုင်ခင်ရက်မှာ အမေရိကန်က မြောက်ကိုရီးယားတပ်သား ၃ ထောင် ရုရှားမှာ နေရာချထားတာကို အတည်ပြုထားပါတယ်။

 

▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ ဇွန်လက ပြုံယမ်းမှာ တွေ့ဆုံစဉ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ဆောင်ရေး သဘောတူစာချုပ်ကို ရုရှားပါလီမန် အောက်လွှတ်တော်က အလျင်အမြန်ပဲ ထောက်ခံမဲပေးခဲ့ကာ အထက်လွှတ်တော်ကလည်း များမကြာမီ ထောက်ခံအတည်ပြုသွားမှာ ဖြစ်ပါတယ်။

 

▪️ အဆိုပါ သဘောတူညီချက်အရ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ တစ်နိုင်ငံ တိုက်ခိုက်ခံရပါက ရနိုင်သမျှ နည်းလမ်းအားလုံး အသုံးပြုပြီး ချက်ချင်း စစ်ရေးအကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

 

▪️ ဒါဟာ စစ်အေးတိုက်ပွဲနောက်ပိုင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား အားအကောင်းဆုံး ချိတ်ဆက်မှုကြီး ဖြစ်လာပါတယ်။

 

▪️ ရုရှားမှာ မြောက်ကိုရီးယားတပ်သား ၃ ထောင် နေရာချထားပြီး လေ့ကျင့်နေတယ်လို့ အမေရိကန်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ထားကာ ထိုတပ်သားတွေသာ ယူကရိန်းကို ဝင်တိုက်ပါက ခုခံကာကွယ်တုန့်ပြန်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

 

▪️ ရုရှား ကာဇန်မှာကျင်းပတဲ့ BRICS အစည်းအဝေးမှာ ပူတင်က မြောက်ကိုရီးယား ခေါင်းဆောင်အနေဖြင့် သဘောတူညီချက်တွေကို အလေးထားမယ်ဆိုတာ ယုံမှားစရာမရှိဘဲ ဒီသဘောတူညီချက် ဘောင်အတွင်းကနေပဲ လုပ်ဆောင်သွားကြမယ်လို့ ပြောပါတယ်။

 

▪️ အမေရိကန်နဲ့ မဟာမိတ်များက မြောက်ကိုရီးယားဟာ ရုရှားကို ဒုံးကျည် အမြှောက်ဆံများပေးနေတယ်လို့ စွပ်စွဲထားတာတွေကို ရုရှားနဲ့ မြောက်တို့က ငြင်းဆန်ထားပါတယ်။

 

▪️ စစ်ရေးအပြန်အလှန် ကူညီရေးအရ ရုရှားဟာ လက်နက်နည်းပညာများကို မြောက်ကိုရီးယားနဲ့ မျှဝေသွားနိုင်တယ်လို့ သုံးသပ်သူများက ပြောပါတယ်။

 

#Source: WION



Source link

Leave a Reply

Your email address will not be published. Required fields are marked *