ylliX - Online Advertising Network
စပါးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ လန်ဒန်ဒါဘီ၊ မန်ယူနဲ့ ဘရန့်ဖို့တို့ရဲ့ ပွဲစဥ်တွေနဲ့ စနေညပရီးမီးယားလိဂ် ပွဲစဥ်များ ပွဲကြိုသုံးသပ်ချက်

စပါးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ လန်ဒန်ဒါဘီ၊ မန်ယူနဲ့ ဘရန့်ဖို့တို့ရဲ့ ပွဲစဥ်တွေနဲ့ စနေညပရီးမီးယားလိဂ် ပွဲစဥ်များ ပွဲကြိုသုံးသပ်ချက်


၁၉ .၁၀ .၂၀၂၄
Written by MMAK

◾စပါး Vs ၀က်စ်ဟမ်း

စနေညရဲ့ အစောဆုံးပွဲက လန်ဒန်ဒါဘီပွဲစဥ်ဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်စွာနဲ့ စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ ကြားရက်မှာ နိုင်ငံပွဲတွေကစားခဲ့ရသလို များသောအားဖြင့် ကလပ်အသင်းကြီးတွေမှာ ကစားသမားကောင်းတွေ အများဆုံးရှိတာ ဖြစ်တဲ့အတွက် နိုင်ငံအသင်းအတွက် သွားရောက်ကစားရတာကြောင့် ပွဲပန်းမှုတွေ ရှိလာနိုင်တာကို သတိရသင့်ပါတယ်။ နောက်တစ်ချက်က ကြားရက်မှာ ကစားခဲ့တဲ့ နိုင်ငံပွဲတွေမှာ ဘွတ်ကီတွေ အထိနာခဲ့ပြီး ကလပ်ပွဲတွေမှာ ပြန်စားနိုင်တာကြောင့် အထက်ကြေးနဲ့ အသင်းကြီးတွေကို သတိထား ကစားသင့်ပါတယ်။ အိမ်ရှင်စပါးအသင်း အိမ်ကွင်းတိုက်စစ်အရမ်းကောင်းတာ မှန်ပေမဲ့ ခံစစ်ကြောင်းက အလွယ်တကူဂိုးပြန်ပေးရသလို ခံစစ်စိတ်မချရတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်စပါးအသင်းက တစ်လုံးလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရ ဝက်စ်ဟမ်းအသင်း တစ်ဂိုးလောက်ရနိုင်သလို ခံစစ်ပြဲတဲ့ စပါးအသင်းကြောင့် သေချာပေါက် ဝက်စ်ဟမ်းအသင်း ဂိုးရပါလိမ့်မယ်။ တစ်လုံးလေးဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးက စပါးအသင်းနိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ယူဆထားပြီး ဝက်စ်ဟမ်းအသင်း လေးဆယ်စားနဲ့ အပြည့်စားဖို့ဘဲ ကြည့်ရမယ် ထင်ပါတယ်။ ဝက်စ်ဟမ်းအသင်း သေချာပေါက် ဂိုးရမယ်လို့ ပြောခဲ့သလို ပြားလေးဆယ်နဲ့ အပြည့်နိုင်ဖို့ဘဲ ကြည့်ရမယ် ထင်တာကြောင့် အောက်ကြေး ဝက်စ်ဟမ်းအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾မန်ယူ Vs ဘရန့်ဖို့

မန်ယူအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးက မန်ယူအသင်း နိုင်မဲ့ကြေးလို့ ပြောလို့ရပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံးဆိုတဲ့ ဂိုးပေါက်ကြေးကလည်း မြင့်မားနေတာတွေ့ရပါတယ်။ မန်ယူအသင်း နှစ်ပွဲဆက်သရေကျထားသလို ဒီပွဲပြီးရင် ကြားရက်ယူရိုပါလိဂ်ပွဲစဥ်မှာ မော်ရင်ညိုရဲ့ ဖီနာဘာချီအသင်းကို ဖာနန်ဒက်မပါဘဲ အဝေးကွင်းကစားရမှာ ဖြစ်တာကြောင့် ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ မန်ယူအသင်း အခုအိမ်ကွင်းပွဲမှ မနိုင်ရင် တော်တော်လေးကို ဖိအားတွေများလာနိုင်တာကြောင့် ဒီပွဲကို သေချာပေါက် အနိုင်ရမယ်လို့ ထင်နေပါတယ်။ ဘရန့်ဖို့အသင်းက အသင်းကောင်းတစ်သင်း ဖြစ်တယ်ဆိုပေမဲ့ အဝေးကွင်းသိပ်မကောင်းသလို ခံစစ်လည်း ညံ့ပါတယ်။ မန်ယူအသင်း နိုင်ပွဲပြန်ရသင့်ပြီ ဖြစ်သလို မန်ယူဖန်တွေ မန်ယူအသင်းကို လိုက်နေတဲ့ ထိုးသားတွေ အနေနဲ့ ဒီပွဲမှာ မန်ယူကို စိတ်ချလက်ချ ယုံကြည်လိုက်ပါလို့ ပြောချင်ပါတယ်။ အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ရသွားမဲ့ မန်ယူဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾ အစ်ဆွချ် Vs အဲဗာတန်

နိုင်ပွဲလုံးဝမရသေးတဲ့ တန်းတက်အသင်းလေး အစ်ဆွချ်အနေနဲ့ ပထမဆုံး နိုင်ပွဲရဖို့ ကြိုးစားလာနိုင်သလို ကစားပုံ သိပ်မဆိုးဘဲ တိုက်စစ်က ဂိုးသွင်းနိုင်စွမ်း ရှိပါတယ်။ အဲဗာတန်အသင်းက ခံစစ်အသားပေး ကစားတတ်တယ်ဆိုပေမဲ့ တန်းတက်အသင်းလေးကိုတော့ ခံစစ်ပိတ်မကစားဘဲ တိုက်စစ်ယှဥ်ကစားလာနိုင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အစ်ဆွချ်အသင်းက ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စားဖြစ်ပါတယ်။ အရှုံးအနိုင်ပေါ်အောင် ကစားကြမဲ့ပွဲလို့ ယူဆထားသလို အဲဗာတန်အသင်းကလည်း ခံစစ်အသားပေး ကစားဖို့ထက် တိုက်စစ်ယှဥ်ကစားလာမယ် ထင်ပါတယ်။ ဂိုးပေါင်းကြေးက ဂိုးပေါ်ခေါ်ထားတဲ့ ပေါက်ကြေးဖြစ်ပေမဲ့ ဂိုးအောက်သွားမယ် မထင်သလို နှစ်သင်းလုံး တစ်ဖက်တစ်ဂိုးစီလောက်ရသွားနိုင်ပါတယ် ။ အောက်အသင်းနှစ်သင်း ဖြစ်တာကြောင် ခံစစ်ပိတ်ကစားကြမယ် မထင်သလို အစ်ဆွချ်အသင်းက တိုက်စစ်အသားပေး အသင်းဖြစ်တာကြောင့် အဲဗာတန်အသင်းကလည်း တိုက်စစ်နဲ့ပဲ တုံ့ပြန်ကစားမယ်လို့  ယူဆထားတဲ့အတွက် ဒီပွဲကို ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။

◾နယူးကာဆယ် Vs ဘရိုက်တန်

နယူးကာဆယ်အသင်းက အိမ်ကွင်းစိတ်ချရတဲ့ အသင်းမျိုး ဖြစ်သလို တိုက်စစ်မှူးအီဆတ် ပြန်ပါလာနိုင်တဲ့အတွက် ဂိုးရဖို့မပူရပါဘူး။ ဘရိုက်တန်အသင်းက တိုက်စစ်ကောင်းတယ်ဆိုပေမဲ့ အဝေးကွင်းညံ့တဲ့ အသင်းဖြစ်ပြီး ဘရိုက်တန်အသင်းရဲ့ ခံစစစ်ကစားပုံကို လုံးဝမကြိုက်ပါဘူး။ ဘရိုက်တန်အသင်းရဲ့ နောက်တန်းခံစစ်လေးယောက်က ကွင်းလယ်လောက်ထိ တက်ပြီး Highline Defence ကစားတတ်တာမျိုး တွေ့ရပါတယ်။ အလိုကစားခဲ့လို ချဲလ်ဆီးအသင်းကို လေးဂိုးထိပေးခဲ့ရသလို ဒီလိုကွက်မျိုး ကစားတတ်တဲ့ အသင်းတွေဖြစ်တဲ့ စပါးအသင်း ၊ ချဲလ်ဆီးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ဟာ ပေးဂိုးတွေ တအားများတတ်သလို တိုက်စစ်က ဂိုးများများပိုသွင်းနိုင်မှ ရလဒ်ကောင်းကြပါတယ်။ ဒီပွဲမှာ အိမ်ရှင်နယူးကာဆယ်အသင်းက ပြားရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ အဝေးကွင်းအားနည်းတဲ့ ဘရိုက်တန်အသင်း သေချာပေါက် ဂိုးပေးရနိုင်ပြီး ဘရိုက်တန်အသင်းကလည်း ဂိုးပြန်ရနိုင်တယ်ဆိုပေမဲ့ ဒီပွဲမှာ အိမ်ရှင်နယူးကာဆယ်အသင်းကပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

◾ဖူဟမ် Vs အက်စတွန်ဗီလာ

ဖူဟမ်အသင်းက ဥရောပဝင်ခွင့်အထိလည်း မရသလို တန်းဆင်းဇုန်ရုန်းရတဲ့ အသင်းမျိုးလည်း မဟုတ်ဘဲ အမှတ်ပေးဇယားအလယ်က ဖျက်မြင်း အသင်းမျိုး ဖြစ်ပါတယ်။ ဗီလာအသင်းက ခြေစွမ်းနဲ့ ရလဒ်ပိုင်းအရမ်းကောင်းနေပြီး နောက်ဆုံးလေးကြိမ်ဆက် တွေ့ဆုံမှုမှာလည်း ဗီလာအသင်းကပဲ နိုင်ထားပါတယ်။ ဒီပွဲမှာ ဖူဟမ်အသင်းက ပြားသုံးဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ဖြစ်ပါတယ်။  ဗီလာအနေနဲ့ အဝေးကွင်း ဖြစ်တဲ့အတွက် ကြေးကြောမပေးနိုင်ရင်တောင် ဒဲ့ကြေးလောက်ထိတော့ ဖြစ်သင့်ပါတယ်။ ဖူဟမ်အသင်းကတောင် ကြေးကြောပြန်ပေးထားတာကြောင့် သရေကျရင် ပြားသုံးဆယ် အနိုင်ရမဲ့ အောက်ကြေး ဗီလာအသင်းကို ထိုးသားတိုင်း ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ နောက်ဆုံးလေးကြိမ်ဆက် ရှံးထားတဲ့ ဖူဟမ်အသင်း အနေနဲ့ အခုအိမ်ကွင်းပွဲမှာတော့ ထပ်ရှုံးမယ် မထင်တော့ပါဘူး။ ရလဒ်တွေ တအားကောင်းနေတဲ့ ဗီလာအသင်း ရှုံးပွဲတွေ့ချိန်တန်ပြီ ဖြစ်သလို ထိုးသားတွေ အကြိုက်များတဲ့ ဗီလာအသင်း အဝေးကွင်းကနေ နိုင်သွားမယ် မထင်ပါဘူး။ ဖူဟမ်အသင်း နိုင်သွားမယ်လို့တောင် ယူဆထားပြီး ကွင်းလယ်ဒိုင်နဲ့ VAR ကလည်း ဖူဟမ်အသင်းဘက်မှာ သေချာပေါက် ရှိနေတာကြောင့် ဖူဟမ်အသင်းကို ရွေးချယ်ရမှာပါ။ အရမ်းကောင်းနေတဲ့ ဗီလာကို ဖျက်မြင်း ဖူဟမ်က အနိုင်ရသွားပါလိမ့်မယ်။

◾ ဆောက်သမ်တန် Vs လက်စတာ

တန်းတက်နှစ်သင်း ထိပ်တိုက်တွေ့နေကြတာ ဖြစ်ပြီး နိုင်ပွဲ လုံးဝမရသေးတဲ့ အိမ်ရှင်ဆောက်သမ်တန်အသင်းအနေနဲ့ ဒီလိုပွဲတွေမှာတော့ အမှတ်ရအောင်ယူသင့်ပါတယ်။ နောက်ပွဲကလည်း မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် အမှတ်ရဖို့ မရှိတာကြောင့် အခုအိမ်ကွင်းပွဲကို အာရုံစိုက်ကစားလာမှာ သေချာပါတယ်။ လက်စတာအသင်းရဲ့ ခြေစွမ်းက အရမ်းအဆိုးကြီး မဟုတ်သလို အမှတ်ရသင့်တဲ့ပွဲမှာ အမှတ်ရအောင် ကစားတတ်ပါတယ်။ ဒီပွဲမှာ ဆောက်သမ်တန်အသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးထိ ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခုနှစ်ဆယ်စား ဖြစ်ပါတယ်။ သရေကျရင် ပြားငါးဆယ်အနိုင်ရမဲ့ အောက်ကြေးလက်စတာအသင်းကိုလူကြိုက်များနေပါတယ်။ ဆောက်သမ်တန်အသင်းပေးထားတဲ့ ဘော်ဒီကြေး ပြားငါးဆယ် အရှုံးပေါက်ကြေးက ကြေးပြင်းတယ်လို့ ယူဆထားပြီး ဆောက်သမ်တန်အသင်း ပထမဆုံး နိုင်ပွဲ ရသွားနိုင်တယ်လို့ ယူဆထားပါတယ်။ သရေကျရင်တောင် ပြားငါးဆယ်အနိုင်ရမဲ့  လက်စတာအသင်းကို လူကြိုက်များနေတာကြောင့် အိမ်ရှင်ဆောက်သမ်တန်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ဘုန်းမောက် Vs အာဆင်နယ်

ဘုန်းမောက်အသင်း ခြေစွမ်းသိပ်မဆိုးပေမဲ့ တိုက်စစ်မှူး အီဗန်နယ်လ်ဆင်က အသားမကျသေးတာကြောင့် ဂိုးတွေရဖို့ ရုန်းကန်နေရသလို ရလဒ်တွေလည်း သိပ်မကောင်းပါဘူး။ သို့ပေမဲ့ အာဆင်နယ်အသင်းရဲ့ တစ်လုံးသွင်းရင် ပြားငါးဆယ်အနိုင်ရမယ်ဆိုတဲ့ပေါက်ကြေးကတော့ အရမ်းပျော့လွန်းနေပြီး ထိုးသားတိုင်း အာဆင်နယ်ဖြစ်နေတာကို တွေ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်တဲ့ ဆာကာ၊ ဟာဗက်၊ မာတင်နယ်လီနဲ့ အိုဒီဂတ်တို့ ကစားနိုင်ဖို့ မသေချာတဲ့အတွက် ကြေးပျော့နေတယ်ဆိုပေမဲ့ အာဆင်နယ်အသင်းအနေနဲ့ တစ်လုံးသရေ ဖြစ်ဖြစ် တစ်လုံးတစ်ဆယ်စားလောက်တော့ ပေးသင့်တယ်လို့ ထင်ပါတယ်။ ထိုးသားတိုင်း အာဆင်နယ်ဖြစ်နေချိန်မှာ တစ်လုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးမျိုးနဲ့ အာဆင်နယ်အသင်းကို ဘွတ်ကီတွေ လွှတ်ပေးမယ် မထင်ပါဘူး။ အာဆင်နယ်အသင်းက ကစားပုံကောင်းပြီး ကစားသမားတွေက အနိုင်ရယူချင်စိတ် ပြင်းထန်တယ်ဆိုတာ ထိုးသားတိုင်းသိနေတဲ့အချိန်မှာ ပေါက်ကြေးကတော့ ပျော့လွန်းနေပါတယ်။ ဘွတ်ကီတွေတောင် တစ်ကမ္ဘာလုံးနဲ့ ယှဥ်ပြီး အာဆင်နယ်ကို ဆန့်ကျင်ရဲရင် ကျွန်တော်တို့လည်း အာဆင်နယ်ကို ဆန့်ကျင်ရဲရမှာပါ။ အောက်အသင်းဖြစ်တဲ့ အိမ်ရှင်ဘုန်းမောက်အသင်းကို ကြိုက်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *