ပေးထားသောစာလုံးများဖြင့် အောက်ပါစာကြောင်းများ၏ ကွက်လပ်ကို ဖြည့်ပါ။
ကနဦးက၊ ကာဘွန်ခြေရာ၊ ရာသီဥတု၊ နည်း၊ ပင်လယ်ရေပြင်၊ တစ်ဦးချင်း၊ နွား၊ မိုးလေဝသ၊ အက်စစ်ဓာတ်၊ သန္တာကျောက်တန်းများ၊
၁- လေပြင်းရုတ်တရက် တိုက်ခတ်ခြင်းသည် ————– အခြေအနေ ဖြစ်သည်။
၂ – နေရောင်ခြည် အပြင်းအပျော့သည် ————– ပြောင်းလဲခြင်းနှင့် မဆက်စပ်ပါ။
၃ – ရာသီဥတုပြောင်းလဲရာတွင် ————– များ၏ ကဏ္ဍလည်း ပါသည်။
၄ – မြန်မာနိုင်ငံက ထွက်နေသော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် ————– သည်။
၅ – ————– မြင့်တက်လာသောကြောင့် ကမ်းရိုးတန်းနေသူအချို့ နေရင်းဒေသကို စွန့်ခွာနေကြသည်။
၆ – သန္တာကျောက်တန်းများ ပျက်စီးခြင်းသည် သမုဒ္ဒရာရေထု ————– ပိုလာသောကြောင့် ဖြစ်သည်။
၇ – ကမ္ဘာကြီး ပိုပူလာနေမှန်း ————– မသိခဲ့ကြချေ။
၈ – ရာသီဥတုပြောင်းလဲခြင်း လျော့နည်းစေရန် ————– က ပါဝင်လုပ်ဆောင်နိုင်သည်။
၉ – ငါးများ၏ ခိုလှုံရာသည် ————– ဖြစ်သည်။
၁၀- မိမိ၏ လုပ်ဆောင်ချက်များက ရာသီဥတုပြောင်းလဲနေခြင်းတွင် မည်မျှပါဝင်နေသနည်း ဆိုသည်ကို ————– ဖြင့် တိုင်းတာနိုင်သည်။
အဖြေနှင့် ရှင်းလင်းချက်များ –
၁- လေပြင်းရုတ်တရက် တိုက်ခတ်ခြင်းသည် မိုးလေဝသအခြေအနေ ဖြစ်သည်။
ရှင်းလင်းချက် – နေရာဒေသတစ်ခု၌ တိုတောင်း သောကာလအတွင်း ပြောင်းလဲ ဖြစ်ပေါ်နေသည့် မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာ ယင်းဒေသ၏ မိုးလေဝသအခြေအနေ ဖြစ်သည်။ (အကျယ်ကို ရာသီဥတုပြောင်းလဲခြင်းစွယ်စုံကျမ်း၊ စာမျက်နှာ-၇၇ တွင် ကြည့်ပါရန်)
၂ – နေရောင်ခြည် အပြင်းအပျော့သည် ရာသီဥတုပြောင်းလဲခြင်းနှင့် မဆက်စပ်ပါ။
၃ – ရာသီဥတုပြောင်းလဲရာတွင် နွားများ၏ ကဏ္ဍလည်း ပါသည်။
ရှင်းလင်းချက် – နွားများ စားမြုံ့ပြန်၊ လေချဉ်တက်၊ လေလည်လျှင် မီသိန်းဓာတ်ငွေ့ ထွက်ပေါ်သည်။ သိုး၊ ဆိတ် တို့မှလည်း နွားနည်းတူ မီသိန်းထွက်သော်လည်း နွားလောက် မများချေ။ ကမ္ဘာပေါ်ရှိ အသားစား နွားနှင့်နို့စားနွားကောင်ရေ သန်း ၁၀ဝ၀ ခန့်မှ ထွက်သော မီသိန်းဓာတ်ငွေ့ ပမာဏသည် လူတို့ ကြောင့် ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ (အကျယ်ကို ရာသီဥတုပြောင်းလဲခြင်းစွယ်စုံကျမ်း၊ စာမျက်နှာ-၆၀ တွင် ကြည့်ပါရန်)
၄ – မြန်မာနိုင်ငံက ထွက်နေသော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် နည်းသည်။
ရှင်းလင်းချက် – မြန်မာနိုင်ငံတွင် လူတစ်ဦး တစ်နှစ်လျှင် ကာဘွန်ဒိုင်အောက်ဆိုက် ညီမျှကိန်း တန်ချိန် ဝ ဒသမ ၆၁ သန်းထုတ်လွှတ်သဖြင့် ကမ္ဘာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်သည်။ (အကျယ်ကို ရာသီဥတုပြောင်းလဲခြင်းစွယ်စုံကျမ်း၊ စာမျက်နှာ-၅၇ တွင် ကြည့်ပါရန်)
၅ – ပင်လယ်ရေပြင် မြင့်တက်လာသောကြောင့် ကမ်းရိုးတန်းနေသူအချို့ နေရင်းဒေသကို စွန့်ခွာနေကြသည်။
ရှင်းလင်းချက် – ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ပင်လယ်ရေပြင် မြင့်တက်လာခြင်း စသည်တို့ကြောင့် နေရင်းဒေသကို စွန့်ခွာ၍ အခြားဒေသများသို့ ပြောင်းရွှေ့ နေထိုင်ကြသည်။ ကမ္ဘာပေါ်တွင် ၂၀ဝ၈ ခုနှစ်မှစ၍ ရာသီဥတုဘေးကြောင့် နေရပ်စွန့်ခွာသူများ ၂၁ သန်းကျော် ရှိလာပြီး လာမည့်နှစ်ပေါင်း ၃၀ အတွင်း သန်း ၁၂၀ဝ ခန့်ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ (အကျယ်ကို ရာသီဥတုပြောင်းလဲခြင်းစွယ်စုံကျမ်း၊ စာမျက်နှာ-၅၄၊ ၅၅ တွင် ကြည့်ပါရန်)
၆ – သန္တာကျောက်တန်းများ ပျက်စီးခြင်းသည် သမုဒ္ဒရာရေထု အက်စစ်ဓာတ် ပိုလာသောကြောင့် ဖြစ်သည်။
ရှင်းလင်းချက် – သမုဒ္ဒရာရေထု အက်စစ်ဓာတ် ပိုလာခြင်းကြောင့် အခွံမာ ရေနေသတ္တဝါနှင့် သန္တာကျောက်တန်းတို့၏ တည်တံ့မှုသည် စိုးရိမ်စရာ အခြေအနေသို့ ဆိုက်ရောက်လျက် ရှိသည်။ (အကျယ်ကို ရာသီဥတုပြောင်းလဲခြင်းစွယ်စုံကျမ်း၊ စာမျက်နှာ-၁၁၃ တွင် ကြည့်ပါရန်)
၇ – ကမ္ဘာကြီး ပိုပူလာနေမှန်း ကနဦးက မသိခဲ့ကြချေ။
၈ – ရာသီဥတုပြောင်းလဲခြင်း လျော့နည်းစေရန် တစ်ဦးချင်းက ပါဝင်လုပ်ဆောင်နိုင်သည်။
၉ – ငါးများ၏ ခိုလှုံရာသည် သန္တာကျောက်တန်းများ ဖြစ်သည်။
ရှင်းလင်းချက် – သန္တာကျောက်တန်းများသည် ငါးအပါအဝင် ရေနေသတ္တဝါများ ခိုလှုံရာ ဖြစ်၍ လူတို့၏ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အထောက်အကူ ဖြစ်သည်။ (အကျယ်ကို ရာသီဥတုပြောင်းလဲခြင်းစွယ်စုံကျမ်း၊ စာမျက်နှာ-၁၁၉ တွင် ကြည့်ပါရန်)
၁၀- မိမိ၏ လုပ်ဆောင်ချက်များက ရာသီဥတုပြောင်းလဲနေခြင်းတွင် မည်မျှပါဝင်နေသနည်း ဆိုသည်ကို ကာဘွန်ခြေရာဖြင့် တိုင်းတာနိုင်သည်။
ရှင်းလင်းချက် – လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် ရုပ်ြွကင်းလောင်စာများ အပါအဝင် စွမ်းအင်ဇာစ်မြစ် အမျိုးမျိုးကို သုံးစွဲရသည့်အတွက် ယင်းတို့မှ ကာဘွန်ဒိုင်အောက်ဆိုက် ထွက်လာသည်ကို ကာဘွန်ခြေရာ ထင်ကျန်ရစ်သည်ဟု တင်စားပြောဆိုသည်။ ထို့အတူ ကား ရထား လေယာဉ်စသည့် ယာဉ်များကို စီးလျှင် ယင်းတို့ သွားလာပျံသန်းရန် လောင်စာသုံးရသဖြင့် ကာ ဘွန်ဒိုင်အောက်ဆိုက် ထွက်လာကာ ကာဘွန်ခြေရာများ ကျန်ရစ်သည်။ (အကျယ်ကို ရာသီဥတုပြောင်းလဲခြင်းစွယ်စုံကျမ်း၊ စာမျက်နှာ-၁၅ တွင် ကြည့်ပါရန်)